Part 15

10.7K 562 24
                                    

Part 15

Vvရှောင်ကျန့် အိပ်ရာမထသေးတဲ့ ညီကိုနှိုးရန်ထွက်လာသည်။

" ငယ်လေး..ကျောင်းသွားရမယ်လေ "

Kit မျက်စိဖွင့်လာကာ သူ့ကိုကိုပေါင်ပေါ်အိပ်လိုက်သည်။

" ကျောင်းပိတ်တယ်ကိုကို "

" ဟုတ်သားပဲ ဒီနေ့စနေနေ့ပဲ "

Kitခေါင်းညိတ်ကာမှေးဆက်နေသည်။

" အဲ့တာဆို ဆက်အိပ်လိုက်အုန်း ကိုကို
မောင်အတွက် မနက်စာသွားပြင်ဆင်ပေးလိုက်အုန်းမယ် "

Kit ခေါင်းအုံးပေါ်ပြန်အိပ်လိုက်သည်။

🕍

" ဟိုကောင်လေးကော "

" ကျောင်းပိတ်တော့ ထက်အိပ်ချင်သေးတယ်ပြောလို့.."

" သွားနှိုးလိုက် ကိုယ်စောင့်နေမယ် "

" မောင်..အဲ့..သခင်လေး ညီကိုအိပ်ခိုင်းလိုက်ပါ
ကျောင်းပိတ်တုန်းအိပ်ရတာ "

" ကိုယ်နဲ့မင်းဘယ်လိုပဲလက်ထပ်ထားထား အခုချိန်မှာမိသားစုပဲ မိသားစုသုံးယောက်လုံး အတူတူရှီရဲ့သားနဲ့တကွဲတပြားဆီစားနေရမှာလား "

" သခင်လေးနဲ့အတူကျွန်တော်စားပေးပါမယ် "

" မင်းအခုကိုယ်နဲ့စားပြီး မင်းညီထရင်ကော
သူနဲ့အတူစားမှာပဲမဟုတ်လား..သွားနှိုးဆိုသွားနှိုး "

ရိပေါ်အမိန့်ဆန်ဆန်ပြောမှုကြောင့် ရှောင်ကျန့်ခေါင်းညိတ်ကာ အပေါ်ထပ်တက်သွားသည်။

☀️

" ငယ်လေး..ငယ်လေး "

" ကိုကို kitအိပ်ချင်သေးတယ် "

ငယ်လေးအိပ်ချင်သေးတာကို ကျန့်မနှိုးချင်ပေမဲ့

" အိပ်ချင်သေးရင် မနက်စာစားပြီးမှပြန်အိပ်
အစ်ကိုတစ်ယောက်အနေနဲ့ ညီနဲ့မနက်စားဖို့
စောင့်နေတယ် "

ရိပေါ်အထဲဝင်လာပြီးပြောလိုက်တော့ Kit မျက်စိဖွင့်ကာပြူးကြည့်သည်။

" ကျွန်တော်ကနိုးနိုးချင်း ရေချိုးပြီးမှ မနက်စာစားတက်တာ စောင့်မလား "

Kitကပြန်ပြောတော့မောင်က

" အင်း..စောင့်နေမယ် ရေချိုးပြီးဆင်းလာခဲ့ "

DollWhere stories live. Discover now