Part 25

8.3K 463 40
                                    

Part 25

" ဘာ!..ရိုးတွင်းခြင်ဆီ လှူသွားတယ်ဟုတ်လား "

" ဟုတ်ကဲ့ သခင်လေး "

" ဘယ်သူလဲ ဘာကြောင့် ခွဲစိတ်တဲ့အချိန် ကျွန်တော့်ကိုမခေါ်တာလဲ "

" အလှူရှင်က အရေးကြီးနေလို့ပါ
သူ့ ဘယ်သူလဲ မပြောဖို့မှာသွားပါတယ် "

" မပြောလည်း ကျွန်တော်သိပါတယ် "

ဝမ်ရိပေါ် Kitအခန်းထဲလာပြီး kitကိုကြည့်နေမိသည်။

တီ..တီ..

အောက်စီဂျင်စက်က အသံမြည်လာတာကြောင့်
sing ဆရာဝန်ကြီးတွေကို လှမ်းခေါ်လိုက်သည်။

" ညီလေး..ညီလေး "

ရိပေါ် စိတ်ပူစွာခေါ်နေမိသည်။

" kit သတိရလာပြီ "

ဆရာဝန်ပြောစကားကြောင့် ရိပေါ်ရှေ့ကို တိုးလာသည်။

" Kit! "

တပတ်ကြာသော်အခါ

Xiao Zhan အိမ်စေတွေအခန်းရှင်းနေတာကို
ဝင်ကြည့်နေမိသည်။
ပရိဘောက အသစ်တွေ ကုတင်အသစ်တွေနဲ့ ပြင်ဆင်ထားသည်။

" ဘယ်သူလာမှာမို့လို့လဲ "

" မသိဘူး သခင်လေး "

ကားသံကြားတာနဲ့  ကျင်းရီ အောက်ထက်ဆင်းကြည့်သည်။ ရှောင်ကျန့်အခန်းထဲဝင်ပြေးမလို့ လှည့်အထွက်
အပေါ်တက်လာသော kitကို တွေ့တာနဲ့ ပြေးဖက်လိုက်သည်။

" ဘယ်သူလဲ.. "

Kit အမေးကြောင့် ရှောင်ကျန့် ဖက်နေရင်းနဲ့မှ
ခွာပြီး ကြောင်ကြည့်လိုက်သည်။

" ကိုကိုမိန်းမ.."

ရိပေါ်ပြောလိုက်တော့ Kitပြုံးပြီး နှုတ်ဆက်သည်။

" မင်္ဂလာပါ "

"  ကိုကိုလေ..ကိုကို့ကိုမမှတ်မိတော့ဘူးလား
ကိုကိုက ငယ်လေးအသက်ဆို ဘာကြောင့်
ကိုကို့ကို မေ့ရတာလဲ "

Kit ရိပေါ်လက်ကဆုပ်ကိုင်လိုက်သည်။

" မကြောက်နဲ့..အခန်းထဲသွားနားရအောင် "

ရိပေါ် Kit ကိုအခန်းထဲခေါ်သွားလိုက်သည်။

" ဒါ..ငယ်လေးအခန်းမှမဟုတ်တာ
ဘာကြောင့် ငယ်လေးကို ငယ်လေးအခန်းမှာ
မထားရတာလဲ "

DollWhere stories live. Discover now