Part 14

10.7K 595 17
                                    

Part 14

" ဘယ်လိုလဲကြိုက်လား "

နောက်ဆုံးပေါ် I phoneပေးပြီး ကြိုက်လားမေးနေတဲ့ ကိုကို့ကို kit ကြောင်ကြည့်နေမိသည်။

" ဘယ်လိုလဲ မကြိုက်ဘူးလားဟင်..ကိုကိုမဝယ်တက်တာနဲ့ သခင်..အဲ့..မောင်ကဝယ်ပေးတာ အနီရောင်လေး kit အနီရောင်ကြိုက်တာ မောင်ကဘယ်လိုသိလဲမသိဘူး "

" ကိုကိုပြောပြထားတာမဟုတ်လား "

" ကိုကိုမပြောရပါဘူး ကြိုက်လား ကိုကို့ကိုဖြေအုန်းလေ "

" ကျွန်တော်သေတာတောင် ဒီလိုဖုန်းမျိုးမကိုင်ရတော့ဘူးမှတ်တာ "

" ဘာစကားပြောတာလဲ အစကတည်းက ကိုင်ချင်ရင်ကိုကို့ကိုပြောပေါ့ ကိုကိုကငယ်လေးအတွက်
ဘာမဆိုဖြည့်ဆည်းပေးမှာ ကိုကိုအသက်ပေးဆိုပေးမှာ "

Kit ကိုကို့ကိုဖက်ထားလိုက်သည်။

" ကျွန်တော်အတွက် ဒီလိုအဖိုးတန်ပစ္စည်းတွေ ကိုင်ချင်တာထက် ကိုကိုပျော်ရွှင်တာ အလိုချင်ဆုံးပဲ "

ရှောင်ကျန့် kitကျောကိုပုတ်ပေးကာ

" ကိုကိုပျော်ပါတယ် ကိုကိုရဲ့ညီလေး ကိုကိုဘေးမှာရှီနေသ၍ ကိုကိုအမြဲပျော်ရွှင်နေမှာပါ "

🕌

" မင်းရဲ့ညီအိပ်သွားပြီလား "

ရှောင်ကျန့် အခန်းထဲဝင်ဝင်ချင်း သခင်လေးကမေးသည်။

" သခင်လေး ညီလေးကလေ သခင်လေးရွေးပေးတဲ့ ဖုန်းကို အရမ်းကြိုက်တယ် ကျေးဇူးတင်ပါတယ်သခင်လေး "

ရှောင်ကျန့် လှဲနေတဲ့ သခင်လေးခြေထောက်ကို
နှိပ်ပေးကာ ဆိုလိုက်သည်။

" ကိုယ်ဝယ်ပေးတဲ့ဖုန်း
သူမကြိုက်စရာအကြောင်း မရှီပါဘူး "

ရိပေါ်ထထိုင်လိုက်ပြီး ဆိုလိုက်သည်။

" ဒီထိပ်မှာလာထိုင် "

" ဟုတ်ကဲ့ "

ရှောင်ကျန့်ထိုင်လိုက်တာနဲ့ သခင်လေးက သူပေါင်ပေါ်
ခေါင်းပြုကာ အိပ်လေသည်။

" သ..သခင်လေး "

" စားပွဲပေါ်ကလိမ်းဆေးယူ..ကိုယ်နထင်ကိုလိမ်း "

" ဟုတ်ကဲ့ "

ရှောင်ကျန့်သခင်လေးနဖူးကိုဆေးလိမ်းပေးကာ နှိပ်နယ်ပေးလိုက်သည်။

" သခင်လေး.."

သခင်လေးအိပ်ပျော်သွားတယ်ထင်တယ် သူခေါ်တာမထူးတော့ပေ ရှောင်ကျန့် ဒီအတိုင်းပဲထိုင်နေမိသည်။

☀️

ရိပေါ်နိုးတော့ ထိုင်နေရင်းအိပ်ပျော်နေတဲ့ ရှောင်ကျန့် ကိုတွေ့ရသည်။ သူ မနက်ထိ
ရှောင်ကျန့်ရဲ့ပေါင်ပေါ်မှာ အိပ်နေတယ်သူညောင်းတော့မှာပဲ

" မင်း တကယ်ငအပဲ "

ရိပေါ်အော်သံကြောင် ရှောင်ကျန့်နိုးလာသည်။

" သခင်လေး နိုးလာပြီလား "

" ဘာလို့ ငါကိုခေါင်းအုံးပေါ်မရွေ့ရတာလဲ "

" ကျွန်တော်တောင်းပန်ပါတယ် သခင်လေး
ကျွန်တော်ရွေ့ရင် သခင်လေးနိုးသွားမှာကြောက်လို့ပါတောင်းပန်ပါတယ် "

အထပ်တလဲလဲတောင်းပန်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီးရိပေါ် သနားသွားသည်။

" အခုတော့ မင်းညောင်းပြီမှတ်လား "

" မညောင်းပါဘူးသခင်လေး "

ရှောင်ကျန့်ထရပ်လိုက်တော့
ခြေထောက်ကျင်နေတာကြောင့်ပြန်ထိုင်လိုက်သည်။

" ဟီးဟီး..နည်းနည်းတော့ညောင်းသွားတယ်ထင်တယ် "

သူကို့ရယ်ပြတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ပြုံးလိုက်မိသည်။

" သခင်လေး.. "

ပြုံးနေတဲ့သခင်လေးကအရမ်းချစ်စရာကောင်းသည်။

" ရေသွားချိုးတော့မယ် "

ရိပေါ်ချက်ခြင်းပြန်တည်ပြီး ရေချိုးခန်းထဲဝင်သွားသည်။

" သခင်လေးက ငါကိုပြုံးပြလိုက်တာလား
ဟုတ်တယ် ငါ့ကိုပြုံးပြလိုက်တာပဲ
ငါကိုလေ..ငါကိုပြုံးပြသွားတာ "

ရှောင်ကျန့် တသွပ်သွပ်ပြောကာ အိပ်ရာပေါ်လှဲချကာ မျက်နှာပေါ်ခေါင်းအုံးတင်ပြီး ပျော်နေမိသည်။

DollWhere stories live. Discover now