28

144 12 9
                                    

Zawgyi

"သူဘယ်လိုနေလဲ။"

"ဆေးရုံကိုသွားပါဆိုနေ
ကျနော့်ကိုဘဲလာမေးနေရတာလဲ။"

"အဲဒီကောင်က သေတာတောင် မသွားဘူးလေ။
မင်းဆီကိုခေါ်လာတာတောင် ဆွဲခေါ်လာတာ။"

"စိတ်ငြိမ်ဆေးတိုက်ထားတာကြောင့် ခဏနေပုံမှန်ပြန်ဖြစ်လာလိမ့်မယ်။အေးအေးဆေးဆေးအနားယူမဲ့နေရာကိုပြင်ထားလိုက်။အဖွားအိမ်ကိုပြန်လို့မဖြစ်ဘူး.."

"သိပြီ။"

အမှန်တိုင်းပြောရရင် စိတ်လှုပ်ရှားစရာတစ်ခုခုနဲ့ကြုံရင် ရှင်းသည်အမြဲဒေါသထွက်တတ်သည်။ဒေါသမထိန်းနိုင်လျင် ဘေးကလူကိုပါထိခိုက်အောင်လုပ်တတ်သည်။

ဝမ်းနည်းစရာကြုံပြန်ရင်လည်းစကားမပြောတော့။လွန်ခဲ့သော၅နှစ် chinaကိုမသွားခင် ၂လတုန်းက အတိုင်းအသေကောင်လိုထိုင်နေတတ်သည်။ယခုလည်း ကားပေါ်ကနေ ဆေးခန်းရောက်တဲ့အထိ ဘာဆိုဘာမှပြော။နေလင်းမေးလည်း ဒီအတိုင်းသာအသက်မပါသလိုထိုင်ကြည့်နေသည်။

နေလင်းဆီကနေ ထွက်လာပြီးဟိုတယ်တစ်ခုထဲဝင်ကာအခန်းယူလိုက်သည်။ကလေးတစ်ယောက်ကာက်ရလိုက်သလို ရှင်းကို မျက်စိတောက်ထောက်လိုက်ကြည့်နေရတာကလည်းခွန်ဟိန်းအလုပ်ပင်။

"ခုနှတုန်းက ငါပြောတာ လွန်သွားတယ်။
Sorryပါကွာ။"

သူ့စကားကြောင့် ရှင်းသူ့အားကြည့်လာသည်။ထို့နောက် မျက်နာပြန်လွဲသွားသည်။

"မဟုတ်ဘူး မှန်တယ်။မင်းပြောတာ မှန်တယ်။"

အခြေအနေတည်ငြိမ်သွားပြီထင်ပါသည်။ရှင်းမျက်နာက ပုံမှန်ပြန်ဖြစ်လာသည်။

"သူပြန်လာမယ်လို့ မတွေးခဲ့ဘူးလား။"

မတွေးခဲ့တာမဟုတ်ဘူး မတွေးမိတာ။သူ့ရင်ထဲက အမုန်းတရားကို ငါမေ့နေခဲ့တာ။"

၅နှစ်စလုံးရှင်းမနားမနေလုပ်ခဲ့တာက မောင့်မေမေအတွက် တရားမျတမှုနဲ့ သူ့ရဲ့နာကြည်းမှုကိုဖြေဖျောက်ရန်လက်စားခေဖို့။မောင်သည်လည်းဘဲ သူ့လိုအမုန်းတရားနဲ့ရှေ့ဆက်နေလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။

Diary of Poinciana: Blue JacarandaWhere stories live. Discover now