ZG
ဒီဇင်ဘာလ ဆောင်းရာသီမနက်ခင်း..
အရှေ့ဘက်တောင်တန်းကြီးဆီမှ နေဝန်းနီနီထွက်ပ်ါလာခဲ့သည်။တောင်ပေါ်ဒေသရဲ့ မနက်ခင်း အချိန်က ဆောင်းဦးရာသီဖြစ်သည့်အလျှောက်..အေးစက်စက်လေဟာ တောင်ပေါ်မြို့လေးဆီသို့ တိုက်ခတ်နေပြန်သည်။
အနုပညာဆန်တဲ့ ဒီမြို့လေးက မြေပြန့်ဒေသမဟုတ်ဘဲ တောင်ကျောတစ်လျှောက်မှာပန်းချီကားတစ်ချပ်လို လှလှပပလေးတည်ရှိနေပေ၏။ မြူ နဲ့တိမ်ရောင်စုံတွေမကွဲပြားတဲ့ ဒီမြို့လေးမှာဆောင်းဝင်ရင် လေစိမ်းနုနုလေးက ကြက်သီးထလောက်အောင် တိုးဝေ့နေကြသည်။
ညနေနေဝင်ပြီဆိုရင် ဒီအနီရောင်မြို့လေးမှာ ခေတ်မီနေတဲ့တိုက်ကြီးတွေ လမ်းဘေး ချယ်ရီပင်ကြားက အိမ်ပုပုလေးတွေကနေ မာကျူရီမီးလေးတွေ လင်းလက်နေကြပေမဲ့ ကောင်းကင်က ကြယ်ရောင်စုံတွေနင့်မှ ပိုလှနေတဲ့မြို့..
တောင်နံရံတွေ ကြားက ကွေ့ကောက်နေတဲ့လမ်းသွယ်သွယ်များ။အလေ့ကျပေါက်နေကြတဲ့ သဘာဝ Lilyနွယ်ဝင် ဒေသခံတွေခေါ်တဲ့မိုးကြိုးပန်းများ..ထင်းရူးတောကနေသင်းပျံလာတဲ့ ရနံနှင့် ချယ်ရီပန်းရဲ့ရနံရောယှက်ပြီး လန်းဆန်းနေတတ်တဲ့မြို့..
မောရှမ်းဒေသ တောင်ကြီးမြို့ရဲ့..Coffeeဆိုင်လေးတစ်ခုမှာ အပြာရောင် ဒိုင်ယာရီစာအုပ်လေးကိုင်ပြီး လွမ်းရိပ်ဝေနေတဲ့မျက်ဝန်းများနဲ့ သူထိုင်နေခဲ့သည်။
🔹
🔹သူ..ဆိုတာက ကျနော်
ဒိုင်ယာရီလေးကို ကျနော်လှန်လိုက်တော့ ပထမဆုံး စာရွက်ကြားမှာညပ်ထားတဲ့ ဓာတ်ပုံလေးထွက်ကျလာခဲ့တယ်။မောင်ကဆွယ်တာ အပြာနက်ရောင်..မဖာလာအနီရောင်လေး ပတ်ထားပြီး သိုးမွေးဦးထုပ်လေးဆောင်းထားတယ်။ဆင်တူအင်္ကျီဝတ်ထားတဲ့ပုံလေး..
![](https://img.wattpad.com/cover/230399788-288-k317272.jpg)
YOU ARE READING
Diary of Poinciana: Blue Jacaranda
NonfiksiZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...