30

145 9 4
                                    

Zawgyi

အောင်အီးထားသမျှ ခံစားချက်များ ပေါက်ထွက်လာခဲ့သည်။ပါးပြင်ထက်ကျဆင်းသွားခဲ့တဲ့ မျက်ရည်ပူပူများဟာ အချိန်တော်တော်ကြာတဲ့အထိမရပ်တန့်နိုင်။ဘယ်လိုဘဲမေ့ဖျောက်ပါစေ နှလုံးသားရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေတဲ့ ရှင်းကိုသူမေ့မရခဲ့။သို့သော် သူခေါင်းမာပြီး နှလုံးသားရဲ့စေရာကိုလိုက်ခဲ့ရင် မေမေကိုဆုံးရှုံးလိုက်ရသလို သံသရာတစ်ပတ်ပြန်လာလိမ့်မည်။

"အီး..ဟင့်.."

"သော်လေး။!"

စိုးရိမ်တကြီးအော်ပြေးလာသော ကိုကိုကြီးသည်အနားရောက်တော့ မောင့်ရဲ့ပုခုံးကိုအသာအယာကိုင်လာသည်။
သူငိုနေတဲ့အကြောင်းအရင်းကိုနားလည်သည့်အလား ဘာမှမပြောဘဲ ဦးခေါင်းလေးကို ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။

"ကိုကိုကြီး အဟင့်"

ခါးကိုပြန်လည်ဖက်တွယ်လာတဲ့သော်လေးကို မာန်ဝင့်ထည်တင်းကြပ်စွာပွေ့ဖက်ထားမိသည်။၅နှစ်စလုံးသော်လေးရဲ့စိတ်ခံစားချက်ဟာ သူ့အတွက်တစ်စိုးတစ်စဉ်းမျှမပါခဲ့။အခုလည်း တစ်ခြားတစ်ယောက်အတွက် သူ့ရင်ခွင်ထဲ အော်ငိုနေပြန်ပြီ။

"ဒါကြောင့် မင်းလေးကို တစ်ယောက်တည်းမလွတ်ချင်ခဲ့တာ။"

"တောင်းပန်ပါတယ်.."

"မင်းကဘာလို့လဲ။မင်းမှာဘာအပြစ်ရှိလို့လဲ ကလေးရဲ့။"

"ကျနော် ကျနော်..ကိုကိုကြီးကိုအမြဲတမ်းဒုက္ခပေးတယ်လေ။ကိုကိုကြီးစိတ်ကိုသိရက်သားနဲ့"

"သော်လေးမမှားပါဘူး။ကိုယ့်ကိုနေရာမပေးနိုင်တာလည်း မင်းအမှားမဟုတ်ဘူးနော်"

မာန်သည် မောင့်ရဲ့ နားသယ်စပ်ကဆံစလေးကိုသပ်တင်ပေေးလိုက်သည်။ငိုမဲ့မဲ့ဖြစ်နေသောမျက်နာလေးကိုပြုံးပြကာ ပါးဖောင်းဖောင်းလေးကိုညစ်လိုက်သည်။

"အဆိုးလေး..အစပ်မတည့်ဘူးဆိုတာ မသိတာလည်းမဟုတ်ဘဲ ဘာကြောင့် ကိုယ့်ဒုက္ခကိုရှာတာလဲကွာ။"

"နည်းနည်းလေးဘဲဟာ.."

"ရောက်ရောက်ချင်းရင်ကိုဆောက်နဲ့ထွင်းလိုက်သလိုဘဲသိလား။"

Diary of Poinciana: Blue JacarandaWhere stories live. Discover now