Zawgyi
မောင်...
ကျနော်ဒိုင်ယာရီလေးကိုဖွင့်ရင်း ရှင်းရဲ့အကြောင်းတွေချရေးနေမိတယ်။မကြာဘူးလို့ထင်ရပေမဲ့ အချိန်ကုန်တာတော်တော်လေး နှေးလွန်းတယ်။တစ်ရက်တစ်ရက် လွမ်းရတာလည်း ပင်ပန်းလှပြီလေ။အခုတော့ မနက်ဖြန်သဘက်ဘဲကျောင်းပြန်တက်ရတော့မယ်။ကျနော်ပျော်လွန်းလို့ မျက်နာပိုးတောင်မသတ်နိုင်တဲ့အထိဖြစ်နေခဲ့တယ်။
🎼့အင်းလေးမှာ ရွှာတဲ့မိုး..
လှေဦးထိပ်မှာ ကြင်နာသူလေး..ပါလာခဲ့ရင် ကိုယ်ဒီလောက်အားငယ်မယ်မထင်ပါ။...
အလွမ်းအထီးကျန်..အဖော်မဲ့သူ့ကမ္ဘာ..🎼ကျနော်Phone ပြာပြာလေးကနေ အသံထွက်လာခဲ့တယ်။ဘာကြောင့်ရယ်မသိဘူး အင်းလေးမှာရွှာတဲ့မိုးသီချင်းက ကျနော့် အမြဲလိုလိုနားထောင်ဖြစ်တဲ့သီချင်းလေး။
"ဘာလုပ်နေတာလဲ။၅မိနစ်နောက်ကျတယ်.."
ကျနော်လက်ကနာရီကိုကြည့်ရင်းမေးလိုက်တယ်။အမြဲတမ်းအခုချိန်ဆို သူနောက်မကျဘဲ ဖုန်းဆက်တယ်။ဒီနေ့က ထူးထူးဆန်းဆန်း၅မိနစ်နောက်ကျတာ။
"[ရေချိုးနေလို့ပါ..မောင်စိတ်မဆိုးပါနဲ့။]"
ရှင်းကကျနော့်ကိုမလိမ်တတ်ဘူး။သူ့ရဲ့အရာမှန်သမျှ ကျနော့်ကို သိုဝှက်ခြင်းမရှိ အားလုံးပိုင်ဆိုင်စေတယ်။
"ညနေစောင်းပြီလေ..ရှင်းရဲ့။ နေမကောင်းတွေဖြစ်နေပါဦးမယ်"
"[ဟာ..မောင်စိတ်ပူတာလား။နောက်ဆို မောင်စိတ်ပူတာလေးခံဖို့ ရေအကြာကြီးချိုးမှရမယ်ထင်တယ်။]"
"အကောင်းပြောနေတာနော်။မပြောင်နဲ့.."
ကျနော်ပြောတော့ ရှင်းကတစ်ဟားဟားအော်ရယ်တယ်။အခုအချိန်ကျနော် လက်သီးဆုတ်ပြီး မျက်နာလေးစူပုတ်နေတာ ရှင်းရိပ်မိမလား။
"ဟွန့်.."
"[ဟုတ်ပါပြီကွာ..ရှင်းPartyတက်ရမှာလေ။အိမ်ကလုပ်တဲ့ပွဲဆိုတော့..]"
"မိန်းကလေးတွေရောလာမှာလား။"
"[လာချင်လာမှာပေါ့။ဒါမဲ့ ရှင်းတစ်ယောက်မှမသိဘူးလေ..
အရက်လည်းအရမ်းမသောက်ဘူး တစ်ခြားမိန်းကလေးတွေနဲ့လည်းစကားမပြောဘူး..ကောင်လေးတွေနဲ့လည်းမရောဘူး..ရှင်းကိုယုံတယ်မလား..]"
YOU ARE READING
Diary of Poinciana: Blue Jacaranda
Non-FictionZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...