24

143 9 3
                                    

Zawgyi

သူလျောက်မဲ့ ခြေဖဝါးအောက် မြက်ပင်လေးတွေဦးညွှတ်သည်။ပန်းပွင့်လေးများဝန်းရံသည်။လိပ်ပြာလေးတွေမြူးပျော်သည်။လေပြည်သွေးတို့ကလူသည်။

ဆန္ဒရှိတဲ့အတိုင်းသာဖြစ်ခွင့်ရရင် ရှင်းရဲ့ ပတ္တမြားရောင်နုတ်ခမ်းထက်က ကျောက်တန်းစီနေတဲ့ ပုလဲလုံးလေဖြစ်ရလည်းကျေနပ်မိသည်အထိ။နေရှင်းဆိုတဲ့လူသား၏ မရေးတရေး နုတ်ခမ်းမွေးကြားထဲ မရဲတရဲခိုစီးလိုက်ချင်သည်။

သို့သော် အဆုံးထိလက်တွဲသွားဖို့အတွက် ယုံကြည့်ချက်ကိုပါကင်လှလှထုတ် ဈေးကွက်တင်ဖို့သူသတ္တိမရှိခဲ့ဘူး။အရာရာအလွဲကြီးလွဲတတ်တဲ့ သူဟာ ရှင်းကိုချစ်ခဲ့မိတာလွဲမှားတယ်လို့မယူဆပေ။

"သော်လေး။"

"ဟမ်..ကိုကိုကြီး။"

"လတော်တော်ကြာနေပြီ..စင်ကာပူမှာနေသားမကျသေးဘူးလား။"

"မဟုတ်ပါဘူး.."

မာန်မေးလိုက်ပေမဲ့ လိုချင်သောအဖြေပြန်မဖြေလာခဲ့ပေ။သူနဲ့သော်လေး ဒီကိုရောက်ပြီးကတည်းက သော်လေးကိုအရာအားလုံးမေ့နိုင်အောင်သူကြိုးစားခဲ့သေးသည် သို့သော်။

"သော်လေး အဆင်မပြေတာရင်ထဲသိမ်းမထားပါနဲ့ကွာ။
ကိုယ်ရှေ့မှာ ဟန်မဆောင်ဘဲနေလို့ရပါတယ်။"

သူပုခုံးငယ်လေးအား ကိုင်ကာပြောလိုက်သည်။နေရှင်းအကြောင်းတွေးမိနေမှန်းသူသိပါ၏။ဒီကောင်လေး သူ့အနားရောက်လာစကတည်းက ရှင်းဆီကိုသာစိတ်ရောက်နေခဲ့တာလည်းသူသိနေသည်။နုလုံးသားနုနုဆီကရင်ခုန်သံသည် သူ့အတွက်မဟုတ်ဘူးဆိတာသူသိခဲ့ပေမဲ့လည်း မာန်ထွေးပွေ့ပေးချင်သည်။မြတ်နိုးမိပြန်သည်။ပိုင်ဆိုင်လိုသည်။ပွဲလန့်တုန်းဖျာများဝင်ခင်းမိခဲ့လေသလားဟုပင် သူ့ကိုသူအပြစ်တင်မိသည်။

သူအတွေးတစ်စပြတ်ချိန်မှာ သော်လေးက သူ့ကိုမော့ကြည့်လာခဲ့သည်။

"သူ့အကြောင်းတွေးမိလို့ပါ။"

"တို့တစ်တွေ ဖြေးဖြေးချင်း နေသားကျအောင်လုပ်ကြတာပေါ့..ကိုယ်ကူညီပါ့မယ်။"

"ကျနော်သူ့ကိုလွမ်းတယ်.."

"ကိုယ်သိပါတယ်။"

Diary of Poinciana: Blue JacarandaWhere stories live. Discover now