43

129 5 0
                                    

Zawgyi
ကလောမြို့ရဲ့ အိမ်ပုလေးရှေ့တွင် ဒေါ်နန်းထိပ်ထားရပ်နေသည်။ခမ်းနားတဲ့အဝတ်အစားဝတ်ထားပေမဲ့ မျက်နာကအေးချမ်းမှုမရှိလှ။ဆုံးဖြတ်ချက်ချလိုက်သည့်အလား သူမ အိမ်တံခါးမရှေ့က ဘဲလ်ကိုတီးလိုက်သည်။

"အဖွားက ဘယ်လိုလုပ်ပြီး!!"

မောင်တံခါးဖွင့်လိုက်တော့ ဖွားနန်းကိုတွေ့လိုက်တာကြောင့် အံ့သြသွားရသည်။ဆေးရုံဆင်းပြီးအန်တီအိအိက စိတ်မချဘူးဟုဆိုတာကြောင့် ကလောမှာပြန်ပြီးခနအနားယူနေခြင်းဖြစ်သည်။

"မောင်သော်ကမောင် ဒို့တွေပြောစရာစကားအများကြီးရှိလိမ့်မယ်ထင်တယ်။"

မာနကြီးသူပီပီ စကားကိုစပြောလာကတည်းက နားဝင်ဆိုးလှ၏။မောင်ရပ်ကြည့်နေခိုက် အန်တီအိအိက လှေကားမှဆင်းလာပြီး ဧည့်ခန်းရဲ့ထိပ်ကုလားထိုင်မှာထိုင်ရင်းသူတို့အားပြောလိုက်သည်။

"သားငယ် ဧည့်သည်ကိုဝင်ပေါက်မှာမရပ်ခိုင်းနဲ့လေ။"

"ဗျာ..ဟုတ်"

"ကြီးကျယ်ခမ်းနားလှတဲ့ ရှမ်းစော်ဘွားအနွယ်တော် သခင်မကြီးက ဒီလိုအဆင့်အတန်းနိမ့်တဲ့နေရာကိုရောက်လာရတယ်လို့..ဘာကြောင့်များတွေ့ချင်ရတာလဲ။"

အန်တီအိအိရဲ့ စကားကို ဒေါ်နန်းထိပ်ထား မျက်နာပျက်စွာတုန့်ပြန်လာသည်။

"ကျမဒီကိုလာရတဲ့အကြောင်းအရင်းက ညှိနှိုင်းမလို့ပါ။"

"ဘာလဲ။အရင်တစ်ခါ မောင်မောင်ရဲ့အသက်ကို ငွေ၅သိန်းနဲ့ တန်ဖိုးဖြတ်သလို ငါ့ညီမအသက်ကိုလည်းတန်ကြေးဖြတ်ဦးမလို့လား။အဆင့်မရှိတဲ့စကားဆိုရင် အခုချက်ချင်းထပြန်တာကောင်းလိမ့်မယ် ဒေါ်နန်းထိပ်ထား"

"မအိ စကားကိုလက်လွတ်စပယ်မပြောပါနဲ့...
ကျမလာရင်းကိစ္စက သော်ကမောင်နဲ့ ရှင်းရဲ့ကိစ္စပါ။
ဖြစ်ပြီးခဲ့တာတွေအတွက်လည်း စိတ်မကောင်းပါဘူး။"

"ဘယ်လို ဘယ်လို အဟက်။"

အန်တီအိအိတစ်ယောက် အံ့ကြိပ်ရင်းခံပြင်းရင်း ခံပြင်းလာခဲ့သည်။စိတ်မထိန်းနိုင်သည့်အဆုံး တွေ့ရာပစ္စည်းဖြင့်ကောက်ပေါက်လိုက်ချင်ပေမဲ့ တူဖြစ်သူက လက်မောင်းကိုဆွဲထားသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now