17

165 14 2
                                    


ဒေါ်သော်တာမိုးသည် မာန်တို့မိသားစုရဲ့ အပန်းဖြေအိမ်သို့ လာခဲ့ပြီး ဧည့်ခန်းထဲတွင်ထိုင်ချလိုက်သည်။ အရင်ကတည်းက ခင်မင်ကြတဲ့မိသားစုတွေဖြစ်တာကြောင့် မောင့်ကို ဦးမာန်ထက်တို့က သွေးသားရင်းလိုဆက်ဆံကြသည်။

"မမိုးရယ်..စိတ်လျှော့ပါ။သားငယ်ကတမင်လုပ်တာမှမဟုတ်ဘဲ။"

"သိပါတယ်..အဲဒါကပြသာာနာမဟုတ်ဘူး။တောက်..$"

ဒေါ်သော်တာမိုးရဲ့မျက်နာထားသည် မောကျောနေသည်။ဒေါသထွက်လွန်း၍ အသားတောင်တစ်ဆပ်ဆပ်တုန်နေလေသည်။

"မေမေ.."

"ဘာလို့သူမှလဲ။ယောကျာ်းချင်းချစ်မိတယ်ဆိုရင်တောင် ဘာလို့သူနဲ့မှဖြစ်ရတာလဲ။"

မောင် မေမေ့ကို နားမလည်နိုင်။ရှင်းကို တစ်ခြားသူထက်ပိုသဘောကျခဲ့တာလည်းမေမေပင်။ချက်ချင်းလက်ငင်းကြီးပြောင်းလဲသွားတာလည်းမေမေပင်ဖြစ်နေသည်။

"မေမေ ရှင်းကမကောင်းတဲ့သူမှမဟုတ်တာ။ယောကျာ်းလေးဖြစ်နေယုံ.."

"ငါက နေရှင်းသက္ကရာဇ် ယောကျာ်းဖြစ်နေလို့ ကန့်ကွက်နေတာလို့မြင်လား။အစကတည်းကနေရှင်းက ဘယ်သူဆိုတာသိခဲ့ရင် မင်းတို့နှစ်ယောက်ကို ခွဲခဲ့တယ်။"

"ရှင်းမိသားစုကြောင့်လား။"

မေမေဆီမှ အသံတိတ်သွားသည်။အသံတော့မထွက်ပေမဲ့ မျက်ရည်စီးကြောင်းများက မေမေ့မျက်နာထက်ပြည့်နက်နေလေသည်။ဘေးက ဒေါ်လေးတို့ ကိုကိုကြီးတို့ကလည်း ဒေါသမက်လုံးတွေနဲ့ ထိုင်နေကြသည်။

"ကျနော်မသိတဲ့တစ်ခြားအကြောင်းရှိသေးတာလား။"

"သော်လေး..အဲဒါကလေ။!"

"မင်းအဖေကိုသတ်ခဲ့တဲ့မိသားစုဘဲ။"

"အန်တီမိုး!!"

"မမိုး...!!"

မာန်ဝင့်ထည်နဲ့ ဒေါ်ဝင့်ဝါထက်က ပြူးပြူးပြာပြာအော်ချလိုက်သည်။

"ဆက်ဖုံးထားတော့ရော..အရေးပါတော့လို့လား။သော်ကမောင် မင်းဖေဖေက ကားအက်စီးဒင့်ကြောင့် ဆုံးသွားတာမဟုတ်ဘူး...ကားမတော်တဆဖြစ်အောင်လုပ်ခံရတာ။"

Diary of Poinciana: Blue JacarandaWhere stories live. Discover now