44

163 5 0
                                    

Zawgyi

ကွန်ဒိုရဲ့ ၄ထပ်မြောက်ကို မောင်မော့ကြည့်လိုက်သည်။ လာသာလာရတာ စိတ်ထဲတွင်တော့ မတင်မကျဖြစ်နေသည်။သူ့အနေဖြင့် ရှင်းကို ထပ်ပြီးသံယောဇဉ်မတွယ်အောင်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။ရှေ့ကအဖြစ်အပျက်ကို သင်ပုန်းချေရင်း ရှင်းနဲ့သူ့ရဲ့ဆက်ဆံရေးကိုပုံမှန်ပြန်ဖြစ်ချင်သည်။

ဓာတ်လှေကားစီးရင်း သူ့ရဲ့အနည်းငယ်ခေါက်နေသည့် ရှပ်အင်္ကျီကော်လံကို ပြင်နေမိ၏။ရှင်းရှေ့မှာသူကြည့်ကောင်းနေမှဖြစ်မည်မဟုတ်ပါလား။

တင်း...တောင်...!!

ဘဲလ်တီးလိုက်ပြီး တစ်အောင့်လောက်ကြာတော့ ရှင်းတံခါးဖွင့်လာသည်။တစ်ပတ်လောက်မတွေ့လိုက်ရတာနဲ့ မျက်နာက ချောင်ကျသွားသည်။ဖြူဖွေးနေသော မျက်နာကသွေးမရှိသယောင်ဖြစ်နေသည်။ခိုပြာရောင်မျက်ဝန်းတောက်တောက်က ဖျော့တော့တော့ဖြစ်နေသည်မို့ မောင်စိတ်ထဲထိပ်ခနဲဖြစ်သွားထပြန်၏။

"အော် မောင်ပါလား။ဘာကိစ္စလဲ ရုတ်တရက်ကြီး"

တည်ငြိမ်နေသောအသံက သူ့နှလုံးသားကိုလှုပ်ခါစေသလားမသိ။ရှင်းရဲ့ လေးကိုင်းသဏ္ဍာန်အပြုံးကြောင့် မောင့်ရင်ထဲပီတိ ဝေသွားရသည်။ဒါပေမဲ့..

"ဘာလဲ..ငါလာတာမကြိုက်လို့လား။
ဒါဆိုလည်းပြန်တော့မယ်.."

"ဗျာ..!အဲလို့မဟုတ်ပါဘူး။
တစ်ခါမှမလာဖူးတော့ အံ့သြသွားလို့ပါ။"

"ထားပါ..ဒါနဲ့
ဦးနေရှင်းသက္ကရာဇ်တို့က ဧည့်သည်ကိုအပေါက်ဝတင်ဘဲ
ဧည့်ခံတတ်တာလား။"

သူ့ရဲ့ကျစ်တစ်တစ်အပြောကြောင့် ရှင်းခေါင်းခါရင်း ရယ်မောလာသည်။

"ဝင်ပါဗျာ။ ခဗျားကတော့ တကယ်ဘဲတွေ့ရင်
ရန်လေးလုပ်လိုက်ရမှနေသာထိုင်သာရှိတာကိုး"

ရှင်းကရယ်ရယ်မောမောပြောရင်း သူ့အားတိုက်ခန်းထဲခေါ်လိုက်သည်။သားအဖနှစ်ယောက်တည်းနေလို့လားမသိ အခန်းကထင်ထားတာထက် ရှင်းလင်းနေသည်။ကလေးရှိတယ်လို့သာပြောတာ..ကလေးပစ္စည်းဖြစ်တဲ့အရုပ်တွေတစ်ခုမှမတွေ့ချေ။

"ကလေးကရော?"

"ခွန်ဟိန်းဆီမှာလေ။ခဏ ပို့ထားတာ..ကိစ္စလေးရှိလို့
ဒါနဲ့လာရင်းကိစ္စက"

Diary of Poinciana: Blue JacarandaWhere stories live. Discover now