ဇန်နာဝါရီလ နွေရာသီ မနက်ခင်း..မနက် ၆နာရီ တောင်ကြီးမြို့ရဲ့ မနက်ခင်းကတိတ်ဆိတ်နေတယ်။ မြို့ဘဲတိတ်ဆိတ်တာပါ..ကျနော်တို့ ပန်းပျိုးလက်ယောကျာ်းလေးအဆောင်ဘေးက တစ်ခြားအဆောင်တွေမှာ စာကျက်သံတွေညံနေကြပြီ။ကျောင်းဖွင့်တာ ဘယ်လောက်မှ ကြာသေးဘူး..စာကျက်နေကြတာ ရူးများနေသလားလို့ ကျနော်တွေးလိုက်ရင်း ပြန်ပြီး အိပ်စက်ခြင်းဆီသို့ဦးတည်လိုက်တယ်။
"နေက အနောက်ကိုဝင်တော့မယ်..အခုထိ ကာလနဂါးရဲ့ သားတော်လုပ်နေတုန်း..မနိုးရင်မြေးမြစ်ရတဲ့အထိများအိပ်နေမလားမသိဘူး"
မနက်တိုင်း ဒီကာလနဂါးရဲ့သားတော်ဆိုတဲ့ စကားနဲ့ အမြဲသတ်ပုတ်နိုးနေတဲ့သူကြောင့် မထချင်ဘဲထရတဲ့နေ့ပေါင်းများနေပြီ။အခုလည်း..ကုတင်ပေါ်ကနေကန်ချလိုက်ပြန်ပြီ..ကျနော်စိတ်တိုတိုနဲ့ စောင်ကိုပြန်ဆွဲပြီးခေါင်းမြီုးခြုံလိုက်တယ်..
"ထလို့ပြောနေတယ်နော် မောင်သော်ကမောင်..ရှတ်တီး
မင်းမထရင် ဒီနေ့ကျောင်းသားရေးရာရောက်အောင် ရန်သွားဖြစ်မှာ.."သူ့စကားကြောင့် ကျနော် ငေါက်ခနဲထထိုင်လိုက်ရတယ်။သူရန်ဖြစ်မှာ ကျနော်မကြိုက်ဘူးဆိုတာ သိလို့ သက်သက်မဲ့ ပြောတာ..ဒါပေမဲ့ မထလို့မရဘူး။သူက တစ်ကယ်လုပ်တာ..
"ကဲထမယ်..ထမယ်..မနက်ကတည်းက ပူညံပူညံနဲ့..ပါးစပ်ကို မော်တာတတ်ထားသလားမှတ်ရတယ်.."
နှစ်ထပ်ကုတင် ရဲ့အောက်ကုတင်မှာအိပ်တဲ့ကျနော် ထလိုက်တော့ အပေါ်ကုတင်ရဲ့ဒန်းနဲ့ ကျနော်ခေါင်းက ဝင်ဆောင့်လိုက်တယ်။ထုံးစံအတိုင်းပါ..ဒါက မနက်တိုင်းလုပ်နေကျ တာဝန်တစ်ခုလိုဘဲ..
"အ...နာလိုက်တာ..!"
"ဖြစ်ပြန်ပြီ..မင်းဟာက တစ်ခါလည်းမကတော့ဘူး..နေဦး..တစ်နေ့လောက် ဒီကုတင်ကြီးကို ရိုက်ချိုးပစ်ဦးမယ်.."
YOU ARE READING
Diary of Poinciana: Blue Jacaranda
NonfiksiZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...