Zawgyi
ရှင်း ...
Green Mountain..Travel Co.td..ရဲ့ ဥက္ကဋ္ဌ ဦးကောင်းခေတ်...။Green Mountain လုပ်ငန်းစုဟာ ရှမ်းပြည်နယ် အတွင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတော်တော်များတွင် ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းစုကြီး။Companyပိုင် စပျစ်ဝိုင်ထုပ်လုပ်သည့် လုပ်ငန်း..အင်းလေးဒေသ နဲ့ ကလောမြို့ ရှိHotelလုပ်ငန်းတွေ..ကို ပိုင်ဆိုင်သည့် Groupဖြစ်သည်။
ဒေါ်နန်းထိပ်ထား..သည်..Green Mountain ဥက္ကဋ္ဌရဲ့ အမေ..။ရှမ်းစော်ဘွားနွယ်ဝင်မျိုးဆက်ဖြစ်သလို မာန လည်းခက်ထန်သည်။ကောင်းပေ့ဟူသမျှသော အသုံးအဆောင်သာ သုံးသည်။တစ်ဦးတည်းသောမြေး..နေရှင်းသက္ကရာဇ် ကို တုန်နေအောင်ချစ်လွန်းသောသူ။ငယ်ငယ်တည်းက အမြဲဂျစ်ကန်ကန်နိုင်ပြီး ရန်ဖြစ်တတ်တဲ့ရှင်းကို ဆူဆဲဖို့ဝေးစွ။မြေးနဲ့ပတ်သက်လာလျှင် ငယ်ကတည်းက အလိုလိုက်လွန်းသည်။ကျောင်းတွင်းရန်ဖြစ်လျှင်လည်း..မဆုံးမဘဲ..ငါ့မြေးသဘော..ကျန်တာအဖွားရှင်းမယ်ဟုဆိုသည်။ရှင်းမျက်နာ မဲ့ပြီဆိုလျှင် တစ်အိမ်လုံး ပြာယာခတ်မတတ် ကြောက်လန့်ရသည်။
ဦးကောင်းခေတ်က ငွေရွှင်သလောက် တဏာကကြီးလွန်းသည်။အကြမ်းဖက်မှုကို ကျင့်သုံးသည်။ဦးကောင်းခေတ်ငှားရမ်းထားတဲ့ ကြေးစားလူမှိုက်တွေက Green Mountainရဲ့အနာဂတ်လမ်းမှာ တားဆီးနေသမျှ လူတွေကို ရှင်းပစ်နိုင်သည်။ထို့ကြောင့်လည်း စီးပွားရေးဘုရင်တစ်ဆူဖြစ်နိုင်ခဲ့သည်။
ရှင်းရဲ့ အမေ ဒေါ်သံသာအေးက တရားဝင်ဇနီးဆိုသော်လည်း..ဖခင်ကမယားငယ်များ ကို ဒုနဲ့ဒေးထားထားတာကြောင့် အိမ်ထောင်ရေးအဆင်မပြေခဲ့။ အဖွားဖြစ်သူက အဖေဘက်..ဖြစ်သောကြောင့် ဒေါ်သံသာအေး တစ်ယောက် ဘာမှမတတ်နိုင်ခဲ့ပေ။ဒေါသကြီးသော ခင်ပွန်းသည်ကို သည်းခံပေါင်းသင်းရင်း နောက်ဆုံးအချိန်ထိ ဒုက္ခခါးစီးခံကာ သေဆုံးသွားခဲ့သည်။
ရှင်းအမေ ဆုံးပြီတဲ့နောက် နဂိုက ရှင်းသည် ဆိုးသထက်ဆိုးလာသည်။။ရှုပ်လိုက်သည့် စော်များကလည်း အနည်းဆုံးတစ်ခါတစ်ခါဆိုသုံးယောက်..အသက်က၂၅ပင်မပြည့်သေး ရည်းစားကိစ္စ နဲ့ တစ်ခါတစ်ခါငြိလာလျှင် Green Mountain ကိုထိခိုက်လာနိုင်တာမို့ လုပ်ငန်းထိုးပြီးဖြေရှင်းရတာလည်း တစ်ခါမကပေ။ဦးကောင်းခေတ်ရဲ့ရှေ့ရေးအတွက်ဖျက်လိုဖျက်စီးလုပ်နေသည့် သူ့ကို G.Mရဲ့ဆက်ခံသူဟုလည်း သမုတ်ကြသေးသည်။သားသုံးယောက်ရှိသည့်အနက် ရှင်းတစ်ယောက်သာအခုလို သူ့ကိုအာခံသူ။ရှင်းလိုသားမျိုးတစ်ယောက်တည်းရှိပေလို့သာ..နှစ်ယောက်ဆိုလျင် ဦးကောင်းခေတ် တို့Companyတစ်ခုလုံးမိုးမီးလောင်အောင်သောင်းကျန်းမဲ့သားမျိုး။
အဖေဖြစ်သူကြောင့် အမေသေဆုံးရခြင်းဟု နှလုံးသွင်းခဲ့ပြီး နှဂိုကတည်းက ဆိုးသွမ်းသည့် နေရှင်းသက္ကရာဇ် သည်..အဖေလက်နဲ့ရေးထားသမျှ ခြေနဲ့ဖျက်ပစ်မည့် သားမိုက်တစ်ယောက်ဖြစ်လာသည်။
.
.
.
.
ကလောမြို့ Hotel တစ်ခု...
YOU ARE READING
Diary of Poinciana: Blue Jacaranda
Non-FictionZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...