Zawgyi
အလယ်တန်း ပညာရည်ချွန်ဆုပေးပွဲ..တွင် ရှင်း တတိယဆုသာရခဲ့သည်။အရည်အချင်းစစ်မှတ်တမ်းတွင် မင်နီတားခံရလို့..။လွန်ခဲ့တဲ့တစ်ပတ်မှာ.. ကျောင်းသားအချင်းချင်းရန်ဖြစ်တာကြောင့် စည်းကမ်းကြီးသည့် သူတို့ private schoolရဲ့ကျောင်းအုပ်က အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ဒါကို အဖေမသိခဲ့...
"မင်းက မင်နီတားခံရတယ်ပေါ့..ဟုတ်လား.."
"ဖေဖေ ကျနော်.."
"Green Mountain..ရဲ့ ဆက်ခံသူ..တစ်ဦးတည်းသောသား က ကျောင်းမှာ ရန်ဖြစ်လို့ မင်နီတားခံထိတယ်တဲ့..။ပိုပြီးဂရုစိုက်ဖို့ မလုံလောက်တာတောင် မင်းက အဖေမျက်နာကို အိုးမဲသုတ်တယ်ပေါ့..။ဒီနေ့ပါတီမှာ ငါဘယ်လောက်အရှက်ရခဲ့လဲသိလား..မင်းအကြောင်းကို မင်းအတန်းဖော်တွေက သူတို့မိဘတွေကိုပြန်ပြောပြခဲ့တာတဲ့။"
"တောက်...မင်းလက်ပါခဲ့တာ ငါ့လုပ်ငန်းကိုထိခိုက်စေတယ်ကွ။ငါ့မင်းကြောင့် မျက်နာဘယ်အပေါက်ကထားရမလဲမသိဘဲ ရှက်ရှက်နဲ့ပြန်လာခဲ့ရတယ်..နေရှင်း"
"ဖေဖေ ကျနော်တောင်းပန်ပါတယ်။နောက် မလုပ်တော့ပါဘူး.."
သူ ဒူးထောက်ကာ ငိုယိုတောင်းပန်နေသည်။သို့သော် ဖေဖေကအလျှော့ပေးမဲပုံမပေါ်။ဒါကသူ့ရဲ့ပထမဆုံးအကြိမ်မဟုတ်ပေ။သူအမှားတစ်ခုခုလုပ်မိလျှင် အဖေက ရိုက်နက်ဆုံးမနေကျ..ကြာတော့ သူ အရေတောင်ထူလာပြီ။
"မင်း...နောက်ထပ်လုပ်ဦးမလား.."
"မ..မလုပ်..တော့ပါဘူး.."
"တော်ပါတော့ ကိုကောင်း..ရှင်ဘက်ဘဲတွေးပြီး သားကို မရိုက်ပါနဲ့..။သားက အကြောင်းမဲ့ရန်ဖြစ်တတ်တဲ့သူမှမဟုတ်တာ..သူ့ကိုပြောခွင့်ပေးလိုက်..."
"တော်စမ်း...မိသံသာ..မင်းအထိန်းအသိမ်းမတတ်လို့ ဖြစ်တာ။သားအမိနှစ်ယောက်လုံး စောက်သုံးကိုမကျဘူး။အေ..မင်းက သူ့ဘက်ပါတယ်ဆိုတော့ မင်းလည်းအမှားမကင်းဘူး.."
![](https://img.wattpad.com/cover/230399788-288-k317272.jpg)
YOU ARE READING
Diary of Poinciana: Blue Jacaranda
NonfiksiZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...