23

170 10 9
                                    

Zawgyi

တောင်ပြင်ကြီးတစ်ခုလုံးမြူနှင်းများရစ်သိုင်းနေချိန် ဒီဇင်ဘာလပထမပတ်ထဲရောက်ရှိလာခဲ့သည်။မကြာခင်ဆောင်းရောက်တော့မည့်ဒီတောင်ပေါ်မြို့ရဲ့ရာသီဥတုက တုန်ရီချမ်းခိုက်နေလွန်းနေပြီ

မင်ပြန့်နေသောလက်ရေးကိုထပ်ခါတစ်လဲလဲဖတ်နေတာ ၂လတိတိပြည့်တော့မည်။စောင့်ဆိုင်းခြင်းမဟုတ်သော မျော်လင့်မှု..မောင့်အငွေ့အသက်ပြည့်နေသော ဒီမြို့ဟာ ရှင်းအတွက်၂လတာကာလအတွင်း စိတ်ဒဏ်ရာကုစားသည့်နေရာဖြစ်ခဲ့သည်။ကျောင်းကြီးပိတ်လို့ စာမေးပွဲတွေပြီးခဲ့ပေမဲ့ မောင်မရှိတော့ ခြောက်ကပ်ကပ်ဖြစ်လို့နေသည်။

အလွမ်းဆိုတဲ့စကားလုံးသည် နားထောင်ကောင်းသလောက် ချည့်တဲ့နေအောင် ခံစားရသည်။

ဒါပေမဲ့လည်း အလွမ်းဆိုတာလုပ်ယူလို့မှမရတာ..အလွမ်းဆိုတာ ဝေဒနာမှမဟုတ်တာမောင်..

ညအချိန်ကလွဲရင်အမြဲတစ်နေရာမဟုတ်တစ်နေရာတွင်သူထိုင်နေတတ်သည်။ကျောင်းရှေ့ကစိန်ပန်းပင်အောက်..အိမ်ရှေ့ကသစ်ခွတန်းလျားလေးအနား..တစ်ယောက်တည်းထိုင်ရန်တစ်နေ့ကုန်ဆိုင်တစ်ဆိုင်ကိုငှားကာလည်းကောင်းအမြဲထွေမိန်နေတတ်သည်။အေးစက်စက် Coffeeခွက်ကိုရှေ့မှာချ ဆိုင်အပြင်ဘက်ဆီအမြဲငေးမျော်နေသော သူ့ကို ဆိုင်ကဝန်ထမ်းတွေဘယ်လိုထင်ကြမည်မသိ။သူထိုင်နေတာ မနက်ကတည်းက အခုဆို ညနေ၃နာရီလောက်ရှိပြီ။

ဘာကိုတွေးနေမိတယ်ဆိုတာလည်း သူကိုယ်တိုင်တောင်မသိ..ဘယ်ကနေစပြီးဘယ်လိုတွေကမှောက်ကမဖြစ်သွားရသလဲဆိုတဲ့မေးခွန်းကိုလည်းသူအဖြေမပေးနိုင်။ရှုတ်ထွေးနေတဲ့ကြိုးထုံးက သူတို့နှစ်ယောက်ဝေးရင်ပြေလျော့သွားနိုင်တယ်ဆိုတဲ့မောင့်စကားကရောမှန်ရဲ့လား..။သူ့ရဲ့ဒီကြောင်တောင်တောင်ကာလတွင် တစ်ယောက်သောသူကရော အဝေးတစ်နေရာမှာ ဘယ်လိုများဖြတ်သန်းနေမလဲဆိုတာပိုစိတ်ဝင်စားမိပြန်သည်။

"ဒီလိုဘဲနေတော့မှာလား။တစ်လောကလုံးလက်လွတ်နေရသလိုနေနေတာ ၂လဆိုရင်လုံလောက်ပြီ။"

ခွန်ဟိန်းနဲ့ နန်းစံက သူ့ရှေ့ကခုံလေးမှထိုင်လိုက်သည်။ဖွားနန်းအတန်အတန်လာခေါ်သော်လည်း သူစကားတစ်ခွန်းပြန်မပြောခဲ့ချေ။အဖကတော့လင်းရဲ့ အပေးအယူကြောင့် တစ်ခါမှလာမရှိခဲ့။ပိုဆိုးနေတာက ရှေ့ကပူညံညံနှစ်ယောက်နဲ့ မောင်ရဲ့သူငယ်ချင်းတွေ။တစ်နေ့နေ့ဟင်းလာပို့ရတာနဲ့ လူနာစောင့်သလို အိမ်မှာစောင့်အိပ်ရတာနဲ့ အားလုံးသူ့အားပိုးမွေးသလိုမွေးထားကြသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now