Zawgyi
နန်းစံ အက ကပြီးတော့ ကိုခွန်ဟိန်း..နဲ့ စကားစမြည်ပြောနေလိုက်သည်။ကိုနေ လာမယ်ဆိုလို့ စောင့်နေရင်း တော်တော်လေးကြာနေပြီ။
"နန်းစံ..ဒီနေ့ အဆင်ပြေတယ်မလား.."
"ပြေပါတယ်..အကို။ညီမတို့ Mathesက ပွဲလုပ်ရင်လည်း အကို အကူအညီလေးယူချင်တယ်။ပွဲစီစဉ်တာ အားလုံးကောင်းလို့..."
"မြောက်ပြန်ပြီ..။"
"နန်း.."
နန်းစံ ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိသည်။တွေ့လိုက်ရတာက သူတို့ Majorက နန်းစံကို လိုက်နေတဲ့ ဗလဝန်..
"နန်း..ပြန်တော့မယ်ဆို ကိုယ်လိုက်ပို့ပေးမယ်လေ။နန်း တစ်ယောက်တည်းဖြစ်နေမှာစိုးလို့.."
"ရပါတယ်...။မလိုပါဘူးရှင့်.."
နန်းစံပြောပြီး ထွက်သွားဖို့ပြင်လိုက်ပေမဲ့..လက်ကောက်ဝတ်ကို ဆွဲချုပ်ခံလိုက်ရတာကြောင့် ဗလဝန် အနားသို့ပါသွားသည်။
"လိုက်ပို့ပေးပါ့မယ်လို့ဆိုနေ..ငြင်းလို့မဖြစ်ဘူးလေ။ဘာလဲ..နေရှင်း ကြောင့်လား..."
"ကိုနေနဲ့ မဆိုင်ဘူး။ရှင့်ကို မုန်းလို့ရှင့်..မိန်းမတစ်ယောက်ကို လူတွေရှေ့သိက္ခာချတာ.."
"နန်း..ချစ်လို့ပါ။ အရင်ကတည်းက နန်းကိုမျော်လင့်ခဲ့တာ။အဲဒီဘာမဟုတ်တဲ့ကောင်လက်ထဲပါသွားတာ မခံမရပ်နိုင်ဖြစ်လွန်းလို့..."
ကြည့်ရင်း ကြည့်ရင်း..လွန်လာသည်မို့ ခွန်ဟိန်းဝင်တားလိုက်ရသည်။ပွဲပြီးချိန်မို့ တော်သေးသည်။အခုတောင်လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့...
"တော်ပါတော့..။ဒါ ကျုပ်တို့Major ရဲ့ပွဲပါ..ခင်ဗျားတို့ ပြသာနာရှာချင်ရင် ..တစ်ခြားနေရာသွားကြပါဗျာ.."
"ဒါပေါ့..တစ်ခြားနေရာသွားသင့်တာပေါ့..။နန်းစံကိုယ်တို့ ကိစ္စကို သွားရှင်းကြမလား.."
"ဘာ..ရှင်..!!!"
"မပျင်းဘူးလား..."
ရုတ်တရက်အနောက်က ထွက်လာတဲ့စကားကြောင့် အားလုံးလည့်ကြည့်လိုက်သည်။ပြသာနာဖြစ်နေတဲ့ ဗလဝန်တို့ရှိရာကိုခြေတစ်လှမ်းခြင်း..လာနေတဲ့ရှင်း။
YOU ARE READING
Diary of Poinciana: Blue Jacaranda
Non-FictionZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...