29

136 9 9
                                    

Zawgyi

ဒရင်းဂိုးက မောင်နဲ့ပါလာသော စီမံခန့်ခွဲရေးအဖွဲ့ နဲ့ ရှင်းတို့ GM လူကြီးပိုင်းများကိုဧည့်ခံတဲ့ ညစာစားပွဲတွင်ဖျော်ဖြေရေးတီးလုံးသံများ စကားပြောသံများဖြင့်ဆူညံနေသော်လည်း ထိပ်ဆုံးစားပွဲတွင်တော့ တိတ်ဆိတ်လျှက်ရှိနေသည်။

"မင်းတို့နှစ်ယောက် ငါ့ခေါင်းကိုက်အောင်များတိုင်ပင်ထားကြတာလား။ပြန်လာတာတောင် တစ်ချိန်တည်း..ဟက်"

ကျန်လူများမရောက်သေးသော်လည်း စားပွဲတွင် မောင်မျက်နာချင်းမဆိုင်ချင်သူများ ရောက်ရှိနေပြီ။သူ့ရဲ့မျက်နာချင်းဆိုင်မှာ ရှင်းနဲ့ ရှင်းရဲ့အကို ဦးကောင်းခေတ်ရဲ့လက်ကိုင်တုတ်နေတမာန်တို့ထိုင်နေသည်။

"အဲဒီပါးစပ်မဆွဲဖြဲမိခင် ပိတ်ထား။ကျက်သရေကိုမရှိဘူး။"

နေတမာန်သည် ရှင်းအား စောင့်ငဲ့ကြည့်ကာ မောင်အားပြန်ကြည့်လေသည်။နှစ်ယောက်စလုံးဟန်ဆောင်ကောင်းလွန်းသည်။မျက်နာချင်းဆိုင်ထိုင်နေကြတာတောင် မျက်နာလေးတစ်ချက်မပျက်ကြတာကြောင့် သူအံ့သြမိပြန်သည်။

"အချစ်ကဘယ်လိုမျိုးပါလိမ့်
နှစ်ယောက်သားသေလောက်အောင်ချစ်ခဲ့တာတောင်
ဒီလိုဆန့်ကျင်ဘက်မှာရပ်နေရတယ်လို့။"

"ပါးစပ်ပိတ်ထားလို့ ငါပြောထားတယ်နော်။
တစ်ဘဝလုံးလျှာမပါဘဲနေသွားချင်တာလား.."

နေတမာန်ရဲ့အပြောင်အပျက်စကားကိုရှင်းဒေါသထွက်လာတာကြောင့် ပန်းသီးလှီးရန်ကိုင်ထားသော ဓားငယ်ကိုစားပွဲပေါ်သို့ထိုးစိုက်လိုက်လေသည်။

"ဒီလိုတောင်ပြန်ပြောနိုင်တယ်ဆိုတော့ ငါ့ညီလေးတော်တော်အရွယ်ရောက်လာတာဘဲ။မင်းရောမထင်ဘူးလား.."

နေတမာန်ကရှင်းရဲ့စကားကိုဂရုမစိုက်ဘဲမောင့်ကိုပါမေးခွန်းထုတ်လိုက်သေးသည်။

"ညီအကိုလို့သာဆိုတာ တစ်နေရာမှမတူဘူးနော်။အာ..ဟုတ်သားဘဲ ကိုနေတမာန်က အပြင်မှာမွေးခဲ့တာဘဲ။ဒါကြောင့်မို့ နှစ်ဦးသားဆက်ဆံရေးက ထင်ထားတာလောက်မနွေးထွေးတာနေမှာ။"

မောင်တုန့်ပြန်ချက်ကြောင့် နေတမာန်မျက်နာသည် တော်တော်ပင်ပျက်သွားသည်။

Diary of Poinciana: Blue JacarandaWhere stories live. Discover now