Zawgyi
ရှင်း
ကျနော် မောင့် ကိုထားခဲ့ပြီး စာသင်ခန်းထဲမှာ စာသင်တာ စိတ်မဖြောင့်ဘူး...။လက်က အပူလောင်ဒဏ်ရာကြီးနဲ့ ဟိုလျှောက်သွားဒီလျှောက်သွားနေမှာရော...ဒဏ်ရာကြောင့်လက်ကိုက်နေရင် အရမ်းနာနေမှာကိုရော စိတ်ကစိုးရိမ်နေတယ်။ကျနော် တစ်ယောက်ယောက်ကို စိုးမရိမ်ဖူးပါဘူး..ကျနော်ချစ်တဲ့အဖွားကိုတောင် နေကောင်းလားလို့ တစ်ချက်မမေးဖူးဘူး။ဒါပေမဲ့ မောင့် ကိုတော့ နည်းနည်းလေးမှမထိခိုက်စေချင်ခဲ့တာ..
"ဟေ့...နေရှင်း......ရှင်း"
"ဟမ်...ဗျာ.."
ကျနော်ဘယ်တုန်းကတည်းကအတွေးလွန်နေမှန်းမသိဘဲ ရှေ့က Major ဆရာ သတိပေးမှ အသိဝင်လာတယ်။ဘယ်စာမျက်နာရောက်သွားပြီလဲ..ဆိုတာတောင် ကျနော်မသိခဲ့ဘူး။
"မင်းဘာဖြစ်နေတာလဲ..နေမကောင်းဘူးလား"
ခွန်ဟိန်းအပြောကို ဆရာရော..ကျနော့်ဘေးက လူတွေရော စိတ်ဝင်စားစွာစောင့်နေကြသည်။ခွန်ဟိန်းက အတန်းဖော်ဆိုပေမဲ့ ကျောင်းတက်လာတဲ့တစ်လျှောက် အတူသွားအတူလာမလုပ်ဖူးခဲ့ဘူး...။ကျနော် တစ်ရင်းတစ်နှီးပေါင်းတာ မောင် တစ်ယောက်ဘဲ။ကျနော်နေကောင်းပါတယ်..ဒါပေမဲ့ ကျနော်သူငယ်ချင်း ကိုစိတ်ပူနေတာလို့..ဒီစကားကိုပြောရင်..သူတို့ဘယ်လိုထင်မလဲ မသိဘူး။
"ဘာမှမဖြစ်ပါဘူး..ကျနော် နောက်ဆံတင်းနေတာလေးရှိလို့.."
"သြော်...မနက်က ရေနွေးအိုးကိစ္စလား.."(ခွန်ဟိန်း)
"ဘယ်လိုလုပ်..သိ"
"ဟေ့ကောင်..ကျောင်းထဲမှာမင်းကိုမသိတဲ့ သူတစ်ယောက်မှမရှိဘူး။ကလေးအစ ခွေးအဆုံးသိတယ်...။မင်းကိုသိတဲ့သူများမှတော့ မင်းဘာဖြစ်တယ်ဆိုတာ အကုန်သိပြီးသားဘဲ..
ဒါနဲ့ သော်ကမောင် တော်တော်ထိသွားလို့လား.."(ခွန်ဟိန်း)
YOU ARE READING
Diary of Poinciana: Blue Jacaranda
Non-FictionZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...