မောင်
ဒီနေ့ ကျနော် စောစောနိုးနေတယ်။ကိုယ်လက်သန့်စင်ပြီး အခန်းရဲ့ ခေါင်းရင်း မှာ ကိုးကွယ်ထားတဲ့ ဘုရားပုံတော်ကို ကျနော် ရှိခိုးလိုက်တယ်။သွားလမ်းလာလမ်းအဆင်ပြေပါစေဆိုပြီး ဆုတောင်းလိုက်သေးတယ်။ကျနော် ရှင်း ရဲ့အိပ်ရာ ကုတင်အပေါ်ထပ်ကို ကြည့်လိုက်တော့သူမရှိဘူး..။
"ငါဘယ်လောက်စောပြီးနိုးနိုး သူ့ထက်တော့မစောနိုင်ဘူးဘဲ"
တစ်ယောက်တည်းရေရွှတ်လိုက်ရင်း..ကျနော့် အိတ်လေးထဲ ကလောကို ယူသွားရမဲ့ ပစ္စည်းလေးတွေထည့်လိုက်တယ်။
"မင်းရေမချိုးတော့ဘူးလား..."
တံခါးဝကအသံကြောင့် ကျနော်လှည့်ကြည့်လိုက်တော့ ရှင်း။အရင်က အမြဲ လှန်တင်ထားတတ်တဲ့ ဆံပင်က ရှေ့မှာခပ်အုပ်အုပ်လေးကျနေတယ်။မခြောက်တစ်ခြောက်ဆံပင်လေး နဲ့ ရေချိုးပြီးစသူ့မျက်နာ..မေးရိုးသွယ်သွယ်..နုတ်ခမ်း ပါးပါး..မျက်ရစ်ပါတယ်ဆိုရုံလောက်သာ ထင်ပေါ်သော မျက်လုံး ..ပုခုံးကျယ်ကျယ် နဲ့ သူက ခေါင်းကို သဘက်နဲ့ ဖွဖွလေးသုတ်နေတယ်။လူတိုင်းပြောကြတာ မမှားဘူးလို့ ကျနော်တွေးလိုက်တယ်။၂နှစ်နီးပါး ရှိပေမဲ့ ကျနော်သူ့ကို တစ်ခါမှ အဲလို စိုက်မကြည့်ဖူးဘူး။အခုကြည့်လိုက်မှ ရှင်းချောတာ ကျနော်လက်ခံမိတယ်။
"ဟေ့.ပြောနေတာကြားလား.."
"ဟမ်..အော် ကြားပါတယ်ဟ..
မချိုးတော့ဘူး..အိမ်ရောက်မှဘဲ ချိုးတော့မယ်။"ကျနော်ပြောပြီး..ထိုင်နေတဲ့ကုတင်ပေါ်က အထ အပေါ်က ဒန်းနဲ့ဆောင့်မိမှာစိုးလို့ သူကျနော့်ခေါင်းပေါ်ကို သူ့လက်နဲ့ ကာထားပေးတယ်။မနက်တိုင်း ကျနော် မျက်နာသစ်ရင် သွားတိုက်ဆေးမေ့ကျန်တတ်လို့ အဆောင်ရေချိုးခန်းမှာလည်း အပိုဘူးတစ်ဘူးအမြဲထားပေးထားတယ်။အဆောင်က ကောင်လေးတွေက ရှင်းအကြောင်းသိလို့ မတော်တဆတောင်ယူမသုံးကြပါဘူး။သောက်ရမ်းစေတနာကောင်းတဲ့ကျနော်ရဲ့သူငယ်ချင်းလေး
![](https://img.wattpad.com/cover/230399788-288-k317272.jpg)
YOU ARE READING
Diary of Poinciana: Blue Jacaranda
Kurgu OlmayanZG Poinciana Flower (စိန်ပန်း)ဟာ တမ်းတလွမ်းဆွတ်ခြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို တွေးနေခြင်း..ဆိုတဲ့ အနက်အဓိပ္ပါယ်ဆောင်သတဲ့... ဒီကမ္ဘာကြီးရဲ့တစ်နေရာ..လူသူမသိတဲ့ဇာတ်လမ်းလေးတစ်ပုဒ်မှာ..Poincianaပွင့် တစ်ပွင့်ကို ကြည့်ရင်း..ခ...