11

250 13 3
                                    

Zawgyi

ရှင်း

ကျနော် အခန်းထဲထိုင်နေခိုက် ခွန်ဟိန်းဝင်လာခဲ့တယ်။သူ့ကိုကျနော် ပြုံးပြရင် တီးလက်စ ဂီတာကို ဘေးသို့ချလိုက်တယ်။

"ဂီတာတွေဘာတွေတီးလို့ပါလား.."

"အွန်း...မောင့်အတွက်လေ။ကျောင်းပြန်ဖွင့်ရင် သူကြိုက်တဲ့ လင်းခေးအဝင်သီချင်းဆိုပြချင်လို့။"

ကျနော်ပြောတော့ ခွန်ဟိန်းကခေါင်းခါရင်း ရယ်တယ်။ကျနော့်ကိုမနိုင်တော့ဘူးဆိုတဲ့သဘော...။

"တော်ပါပေတယ်။မင်းတွဲခဲ့တဲ့ကောင်မလေးတွေသာကြားရင် ခြေဖုဝါး ပုလင်းကွဲ အခြမ်းလိုက်စိုက်သလို ရှပြီလို့ ရင်ဘတ်စည်တီးအော်နေကြမှာ.."

"အဟက်..နန်းစံရော.."

"ရှိပါတယ်။တစ်ခါတစ်ခါ သူနဲ့ငါစကားတွေအများကြီးပြောဖြစ်ကြတယ်။ကျောင်းဖွင့်ရင် စိတ်သစ်ကိုယ်သစ်နဲ့ဆုံချင်တယ်တဲ့"

ခွန်ဟိန်းပြောတဲ့စကားကြောင့် ကျနော်စိတ်သက်သာရာရမိပါတယ်။

"ရှင်း..မင်းနဲ့ မောင့်အကြောင်းကို.."

"!မောင်လား...မောင်လို့ပြောလိုက်တာလား။မောင်ဆိုတာ ငါတစ်ယောက်တည်းခေါ်တဲ့ နာမ်စားကွ.."

"ဟုတ်ပါပြီ...သော်ကမောင်...သော်ကမောင်။မောင်လို့မခေါ်တော့ဘူး..အရေးထဲ လာညစ်နေသေးတယ်။အဲဒါ မင်းတို့နှစ်ယောက်အကြောင်း အနှေးနဲ့အမြန်ပေါ်မှာဘဲ..မလွယ်လောက်ဘူး...ယုံကြည်ချက်ရှိရဲ့လား။"

"စိတ်မပူပါနဲ့။ငါကအဲလောက်ထိ သူရဲဘောကြောင်တဲ့ကောင် မဟုတ်ပါဘူး။ ဒါနဲ့ မင်းစုံစမ်းစရာရှိတယ်..အဖေရဲ့ အရင်ကဖုံးဖိခဲ့တဲ့အမှုတွဲ တွေ အ လွဲသုံးစားလုပ်ခဲ့တာတွေ ရသလောက်ပြန်ရှာပေးနိုင်လား.."

ခွန်ဟိန်း ခေါင်းငြိမ့်ပြတယ်။

"ဘာကြောင့်ဆိုတာမသိပေမဲ့..ငါမင်းတောင်းဆိုရင် ဘယ်တုံန်းကငြင်းဖူးလို့လဲ။ရှာနိုင်သလောက် ရှာထားကြည့်မယ်။"

ခွန်ဟိန်းနဲ့ စကားဆိုပြီးတော့ ကျနော် လက်ကိုင်ပုဝါလေးကိုင်ပြီး အပေါ်ထပ်ဘုရားခန်းဆီကိုတက်လာခဲ့တယ်။အခန်းကိုကျနော် ဝေ့ပတ်ကြည့်လိုက်ပေမဲ့ နံရံမှာချိပ်ဆွဲထားနေကျ မေမေ့ဓာတ်ပုံရှိမနေဘူး။

Diary of Poinciana: Blue JacarandaWhere stories live. Discover now