🍷9🍷{ Unicode }

380 20 0
                                    

စျာန် - အွန်း!!

စျာန် တစ်ယောက် အပျင်းကြောဆန့် ရင်း နိုးလာခဲ့သည်။

ရိပ် - အာပုတ်စော်နံတာ

စျာန် - ဦးရိပ်!

မိမိ ရင်ခွင်ထဲကနေ သူ့ပါးစပ်ကို လက်နဲ့အုပ်ကာ မျက်လုံးပြူးလေးနဲ့ ကြည့်နေတဲ့ စျာန် ကြောင့် ရိပ် နှုတ်ခမ်းတစ်ဖက်တွန့်ချိုးသွားတဲ့ အထိ ပြုံးလိုက်မိသည်။

ရိပ် - နိုးနေရင်လည်း ထတော့။ မင်းကြောင့် လက်မောင်းကျင်နေပြီ

စျာန် အဲ့တော့မှ မိမိ ခေါင်းအုံးထားတာ ဦးရိပ် ရဲ့ လက်မောင်းမှန်း သိတော့သည်။

စျာန် - Sorry ဦးရိပ်!

စျာန် အလျင်အမြန် အိပ်နေရာမှ ထပြီး ရေချိုးခန်းထဲ ပြေး၀င်သွားတော့သည်။ စျာန် ထွက်သွားမှ ရိပ် သူ့ရင်ဘက်ပေါ်က သွားရည်ကွက်ကို ကြည့်ပြီး

ရိပ် - ဝေါ့!

အသန့်အပြန့် အရမ်းကြိုက်သော ရိပ်! ရင်ဘက်ပေါ်က သွားရည်ကွက်ကြောင့် အော့အန်မိတဲ့ အဖြစ်!

စျာန် ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသော ဦးရိပ်

ရိပ် - မင်းရေချိုးတာ ကြာတာ။ ငါ အလုပ် နောက်ကျတော့မယ်။

စျာန် - ကျန်တဲ့ အခန်းတွေမှာ သွားချိုးပေါ့။

ရိပ် - အကုန်သော့ခတ်ထားတယ်။ အ၀တ်အစားထုတ်ထားပေး။ မင်းကြောင့် အလုပ်နောက်ကျရင်

စျာန် - ရေချိုးစရာရှိတာ သွားချိုး။ ခင်ဗျား စကားပြောနေတာနဲ့တင် နောက်ကျမှာ

ရိပ် ရေချိုးခန်းထဲ ၀င်သွားတော့မှ စျာန်လည်း အ၀တ်ဗီရိုဘက် ထွက်လာလိုက်သည်။

စျာန် - သူ့ဘာသာ အစောကြီးနိုးနေပြီး မထဘဲနဲ့။ ငါ့ကို အပြစ်လာပြောနေတယ်။ သောက် ဘိုးတော်စုတ်၊ ဘိုးတော်ပျက်!

နီညိုရောင်ရှပ်လက်ရှည် နဲ့ ပုဆိုးကိုအနီရောင်အကွက်စိတ်လေးထုတ်ကာ ကုတင်ပေါ် တင်ထားလိုက်သည်။ မိမိကတော့ ရိုးရိုးအင်္ကျီနဲ့ ဒူးဖုံးဘောင်းဘီတိုလေးကိုသာ ၀တ်ဆင်လိုက်သည်။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now