မြက်ခင်းပြင်ပေါ်မှာ ထိုင်ကာ တိမ်ကင်းစင်ပြီး အဆုံးမရှိတဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေတဲ့ မုန်း အနား ဈာန် ၀င်ထိုင်လိုက်ပြီး
ဈာန် - မုန်း အဆင်ပြေရဲ့လား။
မုန်း - ပြေပါတယ်။ တစ်ခါတစ်လေတော့ ခိုက် ကို သတိရမိတယ်။
ဈာန် - အချစ်ဉီး ကို လွယ်လွယ်နဲ့ ဘယ်သူမှ မမေ့ကြဘူး။
မုန်း - ကိုရိပ် ကတော့ သူ့အချစ်ဉီးကို မေ့သွားပြီ။
ဈာန် - ဘာလို့ သူက ပါလာရတာလဲ။ အဲ့ဘိုးတော်ကြီး အကြောင်း မပြောစမ်းနဲ့။ သူကြောင့် ငါ ပညာတော်သင်မသွားရတာ။
မုန်း - နင်ကရော တကယ်သွားချင်လို့လား။ ကိုရိပ်နဲ့ မခွဲနိုင်ပဲများ
ဈာန် - ဘာ...ဘာလို့ မခွဲနိုင်ရမှာလဲ။
မုန်း - ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီးပြော နင် ကိုရိပ် ကို ချစ်နေတယ်မလား။
ဈာန် - ဘာတွေ လာမေးနေတာလဲ။ မချစ်ပါဘူး။ ချစ်စရာလား။
မုန်း - နင် ကျပ်ကျပ်ညာ သိလား။ ဒီည ကုမ္ပဏီ နှစ်ပတ်လည်ပွဲ ရှိတယ်။ ပြီးတော့ အစ်မကေသရာပါ လာမှာနော်။
ဈာန် - သူဘာသာ လာချင်လာ မလာချင်နေ။ ငါနဲ့ ဘာဆိုင်တာ ကျနေတာဘဲ။
မုန်း - အေး နင်နဲ့မဆိုင်ဘူး။ ကိုရိပ် အနား သူကပ်မှ ဂျေကိုက်မနေနဲ့ သိလား။
မုန်း က ဈာန့်ခေါင်းကို ခေါက်ပြီး ထိုင်နေရာမှ ထကာ အိမ်ထဲ ပြေးဝင်သွားသည်။
ဈာန် - အ့!! မုန်းရိပ်ဆူး!
ဈာန်လည်း ထိုင်နေရာမှ ထကာ မုန်းအနောက်ကို အပြေးလိုက်တော့သည်။ ခေါင်းကိုင်တာ၊ ခေါင်းခေါက်တာ မကြိုက်သော ဈာန့် ပါလေ
ထမင်းစားခန်းထဲမှာ ရေသောက်နေတဲ့ မုန်း ကို လက်ထဲမှာ ဖွတ်ယူလာတဲ့ တုတ်ချောင်းလေးနဲ့ ရိုက်ပစ်လိုက်သည်။
မုန်း - အ့! ဈာန် ဘာလို့ ရိုက်တာလဲ။
ဈာန် - နင် ဘာလို့ ငါ့ခေါင်းကို ခေါက်သွားတာလဲ။
မုန်း - နင် လိမ်နေလို့ ခေါက်တာလေ။ ကိုရိပ်ကို ချစ်နေတာကို လိမ်ပြောနေတဲ့ အလိမ်အညာကောင်ရဲ့
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...