စျာန် နဲ့ မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ပေမယ့် ခေါင်းကိုက်တဲ့ ဝေဒနာကြောင့် ထင်သလောက် ချစ်ရသူကို ပျော်ရွှင်မှုတွေ မပေးနိုင်ခဲ့.....
ဆေးမသောက်မိတဲ့ နေ့တွေဆို အလူးအလဲ ခံစားရသည်။ တရေးနိုးတို့၊ မနက် မိုးလင်းတို့ ဆို ဘာဆိုဘာမှ မမှတ်မိ....
ကြယ်စင်က ဖုန်းဆက်ပြီး ကုမ္ပဏီ အခြေအနေကို တင်ပြပေမယ့် ခေါင်းထဲ တစ်လုံးမှ မ၀င်! ကိုယ့်အခြေအနေကို တဖြည်းဖြည်း သိလာတာမို့ ကြောက်လာမိသည်။
ဒီလိုနဲ့ ချစ်ရသူကို လုံးလုံးမေ့သွားတော့မှာလား ဆိုတဲ့ အတွေးကြီးက ကျွန်တော့်ကို နှိပ်စက်! ရန်နိုင် ဆီက အဆဲလည်း ခနခန ခံရလည်း ကျွန်တော် မမှု!
ဒါပေမယ့် အခုတလော ခေါင်းကိုက်တာ ပိုစိမ့်လာသလိုဘဲ။ ၃နာရီခြား တစ်ခါ ခေါင်းကိုက် နေတာ!
စျာန် - ဦးရိပ်!
ရိပ် - ဟမ် ဘာ..ဘာလဲ။ ဘာလို့ အဲ့လောက်ထိ အော်နေရတာလဲ။
စျာန် - ခေါ်နေတာကြာပြီ ဘာလို့ မထူးတာလဲ။ ဘာလဲ ခင်ဗျားရည်းစားဟောင်းကြီး ထောင်ကျသွားတာမို့ ၀မ်းနည်းနေတာလား။
ရိပ် - ရည်းစားဟောင်း! ဘယ်သူလဲ။
စျာန် - ဟမ်!
ပါးစပ်အဟောင်းသားနဲ့ ကြည့်နေရှာတဲ့ ချစ်ရသူကြောင့် ဦးနှောက်ကို အလုပ်ပေးလိုက်ပေမယ့် ဘာမှ စဥ်းစားလို့မရခဲ့။ ခေါင်းပဲ ကိုက်လာရတယ်။
ရိပ် - အဟမ်း ကိုယ်နှလုံးသားထဲမှာ Baby တစ်ယောက်ပဲ စိုးမိုးနေတော့ ကျန်သူတွေကို မေ့သွားတာ။ ဆိုစမ်းပါအုံး သူက ဘာကိစ္စနဲ့ ထောင်ကျတာလဲ။
စျာန် - ဟင်း ဦးရိပ် မှတ်မိလား။ ကျွန်တော် တို့ ဆေးရုံတင်ပေးလိုက်တဲ့ ထိုက်မှူးအောင် လား ဘာလား အဲ့လူကို ကားနဲ့ တိုက်မှု နဲ့ အသေရည်ဖျက်မှုကြောင့် ထောင် ကျတာ!
ရိပ် - အော်
ပြောနေတဲ့ အကြောင်းအရာတွေ တစ်ခုမှ မသိ! သူလေး စိတ်ဆိုးမှာ ဆိုးတာကြောင့်တာ ခေါင်းတငြိမ့်ငြိမ့် နဲ့ နားထောင် နေရတာ။
စျာန် - ဦးရိပ် ကျွန်တော်တို့ ရန်ကုန်ပြန်ရအောင်။ ထွက်လာတာကလည်း ၆လနီးပါးလောက်ရှိပြီ။ ကုမ္ပဏီကို ပစ်ထားတာ ကြာနေပြီဆိုတော့ ပြန်ကျရအောင် နော်။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...