ရိပ် - မငိုပါနဲ့တော့ မာမီရယ်။
- မာမီ ၀မ်းသာလွန်းလို့ပါ။ မုန်းလေးလည်း မရှိတော့ဘူး။ သားကိုပါ ဆုံးရှုံးလိုက်ရရင် မာမီ ရင်ကွဲပြီး သေရမှာ။
- ကျေးဇူးပါ သားရယ်။ မာမီ တို့ဆီ ပြန်လာပေးလို့။
၆လအတွင်း အရမ်းကို အိုစာသွားသော မာမီ့ ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားရသည်။ ဒီလတွေမှာ မာမီ ဘယ်လောက်တောင် ပူဆွေးသောက ရောက်နေရလဲ ဆိုတာ အိုစာသွားတဲ့ မာမီရုပ်ရည်ကို ကြည့်တာနဲ့ သိသာသည်။
ရိပ် - Baby
စျာန် - အွန်း
ရိပ် - ဦး ကို ချစ်လား။
စျာန် - မချစ်ဘူး။
ရိပ် - ဘာရယ်။
စျာန် - ဟုတ်တယ်လေ။ ဦးရိပ် နဲ့ ကျွန်တော်က ကုမ္ပဏီအခြေအနေကြောင့် လက်ထပ်ထားကြတာ။ ကျွန်တော်က ဘယ်သူကိုမှ မချစ်ဘူး။
ရိပ် - ဟား!! ဦး စကားကြီး
စျာန် - ဦးရိပ် ကရော ကျွန်တော့်ကို ချစ်လို့လား။
ရိပ် - ချစ်တာပေါ့။ Baby ကို ချစ်လွန်းလို့ တမင် Baby တို့ ကုမ္ပဏီကို ကြပ်တည်းအောင် လုပ်လိုက်တာ။ ကူညီပေးချင်ယောင်ဆောင်ပြီး Baby ကို အပိုင်သိမ်းတာ။
စျာန် - ကျွန်တော့်ကို လိုချင်လို့ ကုမ္ပဏီကို အခက်အခဲဖြစ်အောင် လုပ်တယ်။
ရိပ် - အွန်း
စျာန် - ဦးရိပ်!!! မကောင်းတဲ့ လူကြီး။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီဂေးကြီး။ %$$$$$$
ခေါင်းအုံး ကို ဆွဲယူကာ ရိပ် ကို အဆက်မပြတ် ရိုက်တော့သည်။
ရိပ် - အ့ လူနာ ကို ရိုက်နေတယ်။ တော်ပြီ Baby နာနေပြီကွ
စျာန် - နာအောင် ရိုက်တာလေ။ အဲ့တုန်းက ဘယ်လောက်ထိ ကျွန်တော် စိတ်ပင်ပန်းခဲ့ရလဲ သိလား။
ရိပ် - ဟုတ်ပါတယ်။ ဦးတောင်းပန်တယ်နော်။ ဦး က Baby မုန်းလေးနဲ့ ကြိုက်သွားမှာ စိုးလို့ပါ။
စျာန် - ကြိုက်စရာလား။ မုန်း ဆိုတာ ကျွန်တော့် ညီမလေးလိုပဲ။ ၁၀ နာရီတောင် ထိုးတော့မယ်။ ထ လေ့ကျင့်ခန်း သွားလုပ်ရမယ်။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...