ဈာန် - ဉီးရိပ် မုန်း ကို သွားမပြောဘူးလား။
ရိပ် - အင့်ဟင်း သူ့မွေးနေ့ကျမှ လက်ဆောင်အဖြစ် ပေးမှာ။ မင်းလည်း သွားမပြောနဲ့။
ဈာန် - စိတ်ချ စိတ်ချ ဈာန်လင်းသစ်တို့က ပါးစပ်လုံတယ်။ မုန်း ကတော့ ပျော်နေတော့မှာ။ အဖေ တို့ကိုရော
ရိပ် - မင်းစကား တအားများတယ်။ တိတ်တိတ်လေး လိုက်ခဲ့။
ဈာန် - ဟုတ်ကဲ့
တိတ်ဆိုတော့ ပါးစပ်ပဲ ပိတ်ပြီး လက်ကတော့ ဖုန်းစခရင်ထက် တတောက်တောက် နဲ့! ခေါင်းခါလိုက်ပြီး ကားမောင်းခြင်းကိုသာ အာရုံစိုက်နေလိုက်သည်။
%
%
%
- သရာ နင် ဘာလို့ ပြန်လာတာလဲ။ နင့် အမျိုးသားရော မပါဘူးလား။သရာ - ငါတို့ ကွာရှင်းလိုက်ကြပြီ။ ငါ ရိပ် ကို သစ္စာဖောက်ခဲ့လို့ ငါလည်း ပြန်ပြီး ၀ဋ်လည်ခံရတာ။ ဒါနဲ့ ရိပ် က ဘာလို့ ယောကျာ်းလေးချင်း လက်ထပ်လိုက်တာလဲ။
- ငါလည်း မသိဘူး။ ငါဆီ ဖိတ်စာရောက်လာမှ ငါတောင်အံ့သြသွားတာ။ ကောင်လေးက သူ့ညီမနဲ့ သူငယ်ချင်းလေ။ နင် ဘာလုပ်မလို့လဲ။
သရာ - ငါ ရိပ် ကို ပြန်လိုချင်တယ်။
- ဘာ!! သရာ နင်ရူးနေလား။
သရာ - ရူးရင်လည်း ရူးတယ်ပေါ့။ ရိပ် က အစောကြီးကတည်းက ငါ့အပိုင်!
- အေး အဲ့ အပိုင်ဆိုတဲ့ လက်ကို ဖြုတ်ချခဲ့တာ နင်လေ။ အခုမှ အရိပ်ကို ပြန်လိုချင်မနေနဲ့။
သရာ - ငါက နင့်သူငယ်ချင်း လေ။ ငါ့ကို ကူညီမယ်မရှိဘူး။
- ငါက နင့်သူငယ်ချင်း။ လမ်းမှန်ကိုဘဲ ပို့ပေးမဲ့သူငယ်ချင်း။ လမ်းမှားကို ပို့မဲ့ သူငယ်ချင်း မဟုတ်ဘူး။ ငါ က မိုးပွင့်တို့လို နင်ကို မြှောက်ထိုးပင့်ကော် မလုပ်ပေးနိုင်ဘူး။
သရာ - နင် မကူညီလည်း ငါ့နည်း ငါ့ဟန်နဲ့ ရိပ် ကို ရအောင် ယူပြမယ်။ အဲ့ကောင်လေး ကို ရိပ် အနား က ထွက်သွားအောင် ငါလုပ်ပြမယ်။
ဆလင်းဘတ်အိတ်ကို လွယ်ကာ အခန်းထဲမှ ထွက်သွားသော သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး ယုယ ခေါင်းခါတာ အရိပ်မဲ့ ဆီ ဖုန်းခေါ်ကာ အကြောင်းစုံ ပြောပြထားလိုက်သည်။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...