ရိပ်တို့ မန္တလေး မှာ ၁ပတ်လောက်နေပြီး ပြင်ဉီးလွင်ကို ဆက်တတ်ခဲ့ကြသည်။ သူတို့သွားတဲ့ အချိန်က ဒီဇင်ဘာလ ဖြစ်တဲ့ အပြင် ပန်းပွဲတော်ပါ ကျင်းပနေတဲ့ အချိန် ဖြစ်သည်။
ဈာန် - ဉီးရိပ် ကျွန်တော်ကို ဓာတ်ပုံရိုက်ပေး
ရိပ် - အင်း
ကင်မရာတစ်လုံးနဲ့ ဈာန့် ကို တစ်ပုံပြီးတစ်ပုံ ဓာတ်ပုံရိပ်ပေးနေသည်။ တဖြည်းဖြည်းနဲ့ လူတွေ များလာတာမို့ ရိပ် ခေါင်းတွေ ထိုးကိုက်လာသည်။
ဈာန် - ဉီးရိပ် ဘာဖြစ်တာလဲ။ ခေါင်းကိုက်လို့လား။
ရိပ် - အင်း လူတွေ များလာလို့ထင်တယ်။
ရိပ်တို့က မနက် ၈နာရီ လူမများခင်ကတည်းက ရောက်နေခြင်း၊ ၉ နာရီ ထိုးတော့ တဖြည်းဖြည်းနဲ့ လူကများလာသည်။ မြို့ခံတွေအပြင် အခြားမြို့က လာလည်ကြတဲ့ လူတွေပါ အပြည့်!
ဈာန် - ဒါဆို ကျွန်တော်တို့ ပြန်ကြရအောင်
တစ်ယောက်နဲ့ တစ်ယောက် လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး လူအုပ်ကြီးကို အတင်းထိုးကာ ကားထားတဲ့ နေရာကို မနည်းထွက်လာရသည်။
ဈာန် - ကျွန်တော်မောင်းမယ်။ ဉီးရိပ် က အိပ်ပြီး လိုက်ခဲ့။
ရိပ် - အင်း! ကားလည်း ရှုပ်တယ်။ ဖြေးဖြေးမောင်းနော်။
ဈာန် - ဟုတ်
အခုချိန် မြို့ရှောင်လမ်းကလည်း ကားတွေအပြည့် ဖြစ်နေမှာမို့ အလာတုန်းက လမ်းအတိုင်းသာ ကားကို ဖြေးဖြေးလေး မောင်းနှင် လာရသည်။
မြို့ထဲက ဟိုတယ် ကို ရောက်တော့ ၀န်ထမ်းလေးတွေရဲ့ အကူအညီနဲ့ ဉီးရိပ်ကို ဟိုတယ်ခန်းထဲထိ တွဲခေါ်ရသည်။
ဈာန် - ဉီးရိပ် ခေါင်းအရမ်းကိုက်နေရင် ဆေးခန်းသွားပြရအောင်။
ရိပ် - ရတယ် Baby!! အ၀တ်အိတ်ထဲမှာ သောက်နေကြဆေးပါတယ်။ အဲ့တာလေးယူပေး
ဈာန် - အင်း အင်း ခနနော်။
အ၀တ်အိတ်ကိုဖွင့်ပြီး ဆေးဗူးယူပြီးနောက် ဉီးရိပ် ဆီကို ပြန်သွားကာ
ဈာန် - ဉီးရိပ် ဆေးသောက်ရအောင်။ နေအုံး အစာတစ်ခုခု စားလိုက်အုံး။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romantizmမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...