🍷5🍷{ Unicode }

504 24 0
                                    

ရိပ် - ဟေ့ ထတော့ ထ

ဈာန် - ဘာလဲ ဗျာ။ အိပ်နေတာကို

ရိပ် - ညနေစောင်းနေပြီ။ ထတော့။

ဈာန် - တကယ်ပါဘဲ၊ အိပ်ကောင်းချင်း မအိပ်ရ နဲ့။ စိတ်ရှုပ်ဖို့ကောင်းတဲ့ လူ။

ပွစိပွစိ ပြောပြီး ရေချိုးခန်းထဲ ၀င်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ကျွန်တော်ခေါင်းခါမိသည်။ ရှေ့လျှောက် ဒီကောင်လေးနဲ့ ဘယ်လို နှစ်ပါးသွားရပါလိမ့်။

ည ၇ နာရီ ထိုးတော့မှ နှစ်ယောက်သား ညစာစားဖို့ ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲ ရောက်တော့

ဦးလင်း - လာထိုင်ကြ။ သားဈာန် အခု သားက မိသားစုဝင်ဖြစ်နေပြီဆိုတော့  လွတ်လွတ်လပ်လပ်နေ။ ကိုယ့်အိမ့်ကိုယ်ယာလို့ဘဲ သဘောထား ဟုတ်ပြီလား။

ဈာန် - ဟုတ်ကဲ့ အန်ကယ်။

ဒေါ်သု - ဘာ အန်ကယ်လဲ။ အဖေ လို့ ခေါ်။ အခု သားက အမေတို့ရဲ့ သားငယ်လေး ဖြစ်သွားပြီ။ သားကို သမက်အဖြစ် သဘောမထားဘူး။ သားတစ်ယောက်လို သဘောထားတယ်။ ဟုတ်ပြီလား။

ဈာန် - ကျေးဇူးပါ အဖေ နဲ့ အမေ။

ဦးလင်း - ကဲ စားကြ။ သားရိပ်၊ သားငယ်လေးကို ဟင်းတွေ ထည့်ပေးလိုက်လေ။

ရိပ် - ဟုတ်။

ရိပ် သူ့အရှေ့က  ကြက်သားကြော်တစ်လုံးကို ယူပြီး ဈာန့် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ဈာန် လည်း မကောင်းတတ်တာကြောင့် ရိပ် ပန်းကန်ထဲ ကြက်သားကြော် ပြန်ထည့်ပေးလိုက်သည်။ ထမင်းစားခန်းထဲ ဇွန်းသံ ခရင်းသံမှ လွှဲ မည်သူ့အသံမှ မကြားရ။ ထမင်းစားပြီး ဧည့်ခန်းထဲ အချိုတည်းနေတုန်း

ရိပ် - အဖေ

ဦးလင်း - ပြောလေ သားရိပ်။

ရိပ် - မုန်းရိပ်ဆူး ကို အိမ်ပြန်ခေါ်လိုက်ပါလား။

ဒေါ်သု - ဘယ်လို! ကျွန်မသဘောမတူဘူး ကိုလင်း။

ရိပ် - မိန်းကလေး တစ်ယောက်တည်း အပြင်မှာနေတာ မသင့်တော်ဘူး။ အမေ မိန်းကလေးချင်း ကိုယ်ချင်းစာ။

ဒေါ်သု - ကျန်တဲ့ မိန်းကလေးတွေဆို ငါ ကိုယ်ချင်းစာနိုင်တယ်။ အဲ့ မယားငယ်မက မွေးတဲ့ သူ့ကိုတော့ ငါ ကိုယ်ချင်းမစာနိုင်ဘူး။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now