ဈာန် - အဖေ ဒါက ဘာတွေလဲ။
ဦးထူး - ဘာတွေရမှာလဲ။ မင်္ဂလာဆောင်အတွက် လိုအပ်တာတွေ။ ညနေ မောင်အရိပ်မဲ့ တို့ မိသားစု လာမယ်။ အပြင်ထွက်ဖို့ မစဉ်းစားနဲ့။
ဈာန် - အဖေ ကျွန်တော် လက်မခံနိုင်ဘူးနော်။ အဖေ ကရော ဘာလို့ သားကို ယောကျာ်းတစ်ယောက်နဲ့ ပေးစားချင်နေရတာလဲ။
ဦးထူး - အကြောင်းရှိလို့ပေါ့ သားရယ်။
ဈာန် - ဘာအကြောင်းလဲ အဖေ။ သားကို အဲ့အကြောင်းပြချက် ပြောပြရင် သားလက်ခံပေးမယ်။
ဦးထူး - သား အမေ ရဲ့ ဆန္ဒ က ဘာလဲ။
ဈာန် - မေမေ ရဲ့ ဆန္ဒ က မောင်းမကန်မှာ အဆင့်မြင့်ဟိုတယ် ဆောက်ဖို့။
ဦးထူး - ဟုတ်တယ် သား။ သားအမေ ရဲ့ ဆန္ဒ ပြည့်ဖို့ အတွက် အဖေ မောင်အရိပ်မဲ့ နဲ့ တိုင်ပင်ဆွေးနွေးကြည့်တယ်။ သူ့ဘက်က သားကို သူနဲ့ လက်ထပ်ပေးရင် အဓိကရှယ်ယာရှင် အဖြစ်ရော ဟိုတယ်ဆောက်လို့ ကုန်ကျမဲ့စရိတ်ကိုလည်း တစ်ဝက်လောက် ပေးမယ်လို့ ပြောတယ်။
ဈာန် - အဲ့တာနဲ့ဘဲ အဖေ က သဘောတူလိုက် တယ်ပေါ့။
ဦးထူး - သားအမေ ရဲ့ ဆန္ဒကို အဖေ ဖြည့်ဆည်းပေးရုံပါ။ သား လက်မထပ်ချင်ဘူးဆိုလည်း အဖေ ငြင်းလိုက်ပါမယ်။
* ကျွန်တော်အဖေ ကတော့ ခက်တယ်။ မေမေ့ရဲ့ ဆန္ဒ ကို ဖြည့်ဆည်းပေးချင်ပေမယ့် ဒီလိုမျိုးကြီးကြတော့ မဟုတ်သေးဘူး။ ကျစ်! *
ဈာန် - တော်ပြီ ဗျာ။ သားနားတော့မယ်။ ဒီနေ့ ကျောင်းအပ်လာတာမို့ ပင်ပန်းနေတယ်။
ဦးထူး - သွားနား သား။ ၆ နာရီလောက်တော့ အဆင်သင့်ဖြစ်အောင် လုပ်ထားနော်။
ဈာန် ဘာမှပြန်မပြောဘဲ မိမိအခန်းကိုသာ တတ်လာလိုက်သည်။ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ။ ကျွန်တော်လို St8 ကြီးက ယောကျာ်းတစ်ယောက်ကို လက်ထပ်ရမယ်ဆိုတာ လုံးဝ မဖြစ်သင့်တာကြီး။ လက်ထပ်ရမဲ့ သူကလည်း ကျွန်တော့် သူငယ်ချင်းရဲ့ အစ်ကိုမှတဲ့။ မေမေ ရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်တယ်။ ဟိုဂေးဘိုးတော်ကြီး ကိုလည်း လက်မထပ်ချင်ဘူး။ စောက်ရမ်းလမ်းပျောက်နေပြီ လုပ်ကြပါအုံး။
•
•
•
ဦးလင်း - သားရိပ်
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...