ရန်နိုင် - ရိပ် သက်သာလား။
ရိပ် - မသက်သာဘူး ရန်နိုင်
အမှန်ပါဘဲ ရိပ် မှာ ခေါင်းကိုက်ခြင်းဝေဒနာကို တော်တော်ခံစားနေရတယ်။ ဆေးအပြင်းတွေ သောက်နေတာတောင် လုံးဝမသက်သာဘူး။
ရိပ် - ရန်နိုင်
ရန်နိုင် - အင်း
ရိပ် - ငါ့ကို နံရံမှာ Baby ပုံတွေ အပြည့် ကပ်ပေးနိုင်မလား။
ရန်နိုင် - မနက်ဖြန် ရစေရမယ်။
ရိပ် - ကျေးဇူး ရန်နိုင်။ ငါ မသေခင် မင်း နဲ့ မုန်း မင်္ဂလာဆောင်တာကို ကြည့်ချင်တယ်။
ရန်နိုင် - လျှောက်မပြောနဲ့။ မင်း တကယ်ပဲ မခွဲစိတ်ဘူးလား။
ရိပ် - ငါ ခွဲစိတ်သင့်ရဲ့လား။ ငါ ခွဲစိတ်လိုက်ရင် Baby ကိုမေ့သွားမှာ။
ရန်နိုင် - ဟူး ကဲ ဆေးသောက်ပြီး ခနအိပ်လိုက်။ ငါ အိပ်ဆေးပါထည့်တိုက်ခဲ့မယ်။
ရိပ် - အင်း ကျေးဇူး၊ ယုယရော သူအဆင်ပြေရဲ့လား။
ရန်နိုင် - ပြေတယ်။ သန်ဘက်ခါ ယုယ မင်္ဂလာဆောင်။ မင်း တတ်မှာလား။
ရိပ် - အခြေအနေ အရဘဲ။
ရိပ် လည်း ဆေးသောက်ကာ အိပ်လိုက်သည်။ အိပ်ဆေးပါ သောက်လိုက်လို့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့ချေသည်။
- သားရန်နိုင်
ရန်နိုင် - ဟုတ်ကဲ့ အန်တီ
- သားရိပ် အခြေအနေ က ဘယ်လိုရှိလဲ သား။
ရန်နိုင် - ရိပ် အခြေအနေက သောက်ဆေးနဲ့ ထိန်းတာတောင် မရဘူး။
- China မှာ ဖြစ်ခဲ့တဲ့ အက်ဆီးဒန့် နဲ့ သက်ဆိုင်လား။
ရန်နိုင် - သက်ဆိုင်တယ် အန်ကယ်။ အဲ့တုန်းကလည်း ခေါင်းကို ကြီးကြီးမားမား ထိခိုက်ခဲ့တာဆိုတော့။
- ခွဲစိတ်ရင်ရော
ရန်နိုင် - အရင်က တော့ ဆရာကြီးက 50 to 50 အာမခံထားတယ်။ အခုဆိုရင်တော့ 90 to 10 ပဲတဲ့။
- သားရိပ် ကျမှ ဘာလို့ အခုလိုကြီး.....
ရန်နိုင် - ဒါနဲ့ ဈာန့် Daddy ကို ဘယ်လိုပြောထားကြလဲ ဗျ။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...