🍷18🍷{ Unicode }

396 20 0
                                    

ကုမ္ပဏီနှစ်ပတ်လည်ပွဲမှာ တပူးပူးတတွဲတွဲ ဖြစ်နေတဲ့ နှစ်ယောက်ကို မုန်း နဲ့ ၀ဿန် ကြည့်ပြီး မျက်နှာတွေ ရှုံ့မဲ့နေကြသည်။

ရန်နိုင် - သူတို့နှစ်ယောက် တည့်နေပါလား။

အသံနဲ့ အတူ စားပွဲ၀ိုင်းမှာ ၀င်ထိုင်တဲ့ စောရန်နိုင်!

မုန်း - တစ်ယောက်နဲ့ တစ်ယောက် ရင်ခုန်သံတွေ ၀န်ခံလိုက်ကြပြီလေ။ ရှေ့လျှောက် မျက်စိနောက်ရတော့မယ်။

ရန်နိုင် - ရိပ် ကတော့ သူ့အသက်ရှည်ဆေးကို တွေ့သွားပြီ။

၀ဿန် - ဒေါက်တာလည်း အသက်ရှည်ဆေး ရှိပါတယ်နော်။

မုန်း - ၀ဿန်!

ရန်နိုင် - ဟားဟား အဲ့ အသက်ရှည်ဆေးက ခေါင်းမငြိမ့်သေးလို့ပါဗျာ။

- ရန်နိုင်က ဒီမှာကို။

ရန်နိုင် - ယုယ

မုန်း - မမယုယ တစ်ယောက်တည်းလား။

ယုယ - မဟုတ်ဘူး။ မမ ရဲ့ အသိ ညီမလေး လင်မယားလည်း ပါတယ်။ ခိုက်! ရွှေလွန်း ဒီမှာ!

ခိုက် ဆိုတဲ့ အမည်ကြားလိုက်တာနဲ့ မုန်း ခါးလေး မတ်သွားသလို ရန်နိုင်ကလည်း စားပွဲခုံပေါ်တင်ထားတဲ့ မုန်း လက်လေးကို ဆုပ်ကိုင်လိုက်ပြီး

ရန်နိုင် - ကိုယ် ရှိတယ်။

ခိုက်နဲ့ ရွှေလွန်း လည်း ယုယ ဆီရောက်တော့ စားပွဲ၀ိုင်းမှာ ထိုင်နေသူကြောင့် မျက်နှာအနည်းငယ် ညိှုးသွားသည်။

ယုယ - ငါတို့ တစ်၀ိုင်းထဲ ထိုင်မယ်။ ညီမလေးရော မောင်လေးရော ထိုင်

ယုယ က စောရန်နိုင် ဘေးမှာထိုင်ပြီး ရွှေလွန်း နဲ့ မုန်းက မျက်နှာချင်းဆိုင် ဖြစ်ပြီး ခိုက်နဲ့ ရန်နိုင်က မျက်နှာချင်းဆိုင်

ယုယ - ငါ ရိပ်ဆီက ကြားတယ်။ နင် နဲ့ မုန်း ကို မကြာခင် လက်ထပ်ပေးတော့မှာဆို

ရန်နိုင် - လိုပါ..

မုန်း - ဟုတ်တယ် မမ။ မုန်း တို့ ပွဲကျရင် မမလည်း လာခဲ့ပေးလေ။ ကိုမင်းခိုက်စံ တို့ လင်မယားကိုလည်း ဖိတ်ပါတယ်။

ရွှေလွန်း - ရွှေလွန်း တို့ ဆက်ဆက် လာပြီး ဂုဏ်ပြုပေးပါမယ်။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now