🍷30🍷{ Unicode }

327 13 0
                                    

ရိပ် သတိပြန်မရသေးတာ ၂ပတ်ရှိပြီ။ မုန်း လည်း ဆေးရုံပြေးလိုက်၊ ကုမ္ပဏီ သွားလိုက်၊

အခုတလော စျာန့် ကိုလည်း မတွေ့ဖြစ်!   မုန်း ဖုန်းခေါ်ရင် စျာန် က မကိုင်တာ များတယ်။ ၀ဿန် ဆီကနေတော့ အကျိုးအကြောင်းသိရလို့ တော်သေး...

ရန်နိုင် - မုန်း ပင်ပန်းနေပြီလား။

မုန်း - အင့်ဟင်း ကိုရိပ် က ဘာလို့ သတိမရသေးတာလဲ။ ရိုးရိုးသတိလစ်သွားသူက

ရန်နိုင် - သူ ဒီကြားထဲ ပင်ပန်းလို့ အနားယူနေတာပါ။ မကြာခင် သတိရလာမှာ။

မုန်း - အစ်ကို! စျာန့် ကို ပြောပြလိုက်ရင်ရော။

ရန်နိုင် - ရိပ်က လက်ခံမှာ မဟုတ်ဘူး။

မုန်း - မုန်း ချစ်ရတဲ့သူတွေ အခုလို နာကျင်ခံစားနေရတာကို မမြင်ချင်ဘူး။ စျာန့် ကို အကြောင်းစုံ ပြောပြလိုက်တော့မယ်။

ရန်နိုင် - သဘောအတိုင်းပါဗျာ။

ရန်နိုင်လည်း သူပြောချင်တဲ့ စကားလုံးတွေကို ရင်ထဲမှာ သိမ်းထားလိုက်သည်။
%
%
%
၀ဿန် - စျာန် အရက်တွေ မသောက်နဲ့တော့ကွာ။

စျာန် - ငါ့ ဘာသာ သောက်တာ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။

မုန်း - ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး။ ဒါပေမယ့် ကိုရိပ် ကိုတော့ နင် ဂရုစိုက်ရမယ်။

အရင်ပုလင်းတွေကြားထဲ ခေါင်းငိုက်စိုက်နေတဲ့ စျာန့် အနား ၀င်ထိုင်လိုက်ရင်း မုန်းပြောလိုက်ခြင်း။

စျာန် - မုန်း!

မုန်း - အင်း

စျာန် - နင် ဒေါက်တာစောရန်နိုင် ကို ချစ်လား။

မုန်း - မချစ်ဘူး။ ဒါပေမယ့် ငါ့အတွက် လက်တွဲဖော်ကောင်း တစ်ဦးဖြစ်မယ်ထင်လို့ ငါ ခေါင်းငြိမ့် လက်ခံခဲ့တာ။

စျာန် - အဟက် ထင်သားဘဲ။ ၀ဿန်

၀ဿန် - ပြော

စျာန် - နင် သိလား။ ဦးရိပ် တို့ မောင်နှမတွေက မချစ်တတ်ကြဘူး။ အေး အဲ့ မချစ်တဲ့ လူကိုမှ ငါက နင့်နင့်သီးသီး ကို ချစ်တာ။ အခုလည်း ဦးရိပ် ငါ့ဆီပြန်လာနိုးနဲ့ စောင့်နေတာ တစ်ခါမှတောင် ပေါ်မလာဘူး။ အဟက် ငါ့ ကို မချစ်ပါဘူး လို့ပြောနေတဲ့ လူကို ငါက မျှော်လင့်နေတုန်းပဲ။ ငါ ဆိုတာ စောက်မှတ်မရှိတဲ့ အကောင်!!

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now