🍷22🍷{ Zawgyi }

179 6 0
                                    

ရိပ် - Baby ဘယ်သွားမလို့လဲ။

ဈာန် - ပဲခူးလေ။ ဉီးရိပ် ကို ကျွန်တော်ပြောထားတယ်လေ။

ရိပ် - အော် ဂရုစိုက်သွားနော်။ တစ်ယောက်တည်း ဆိုတော့။

ဈာန် - ဟမ် ၃ယောက်သွားမှာ။ မင်းခန့် နဲ့ မကြယ်စင် ပါ ပါတယ်။

ရိပ် - ကြယ်စင်က ဘာလို့

ဈာန် - ဉီးရိပ် ပဲ စိတ်မချဘူး မကြယ်စင်ကိုပါ ခေါ်သွားဆို!

ရူးနေတာလားဆိုတဲ့ အကြည့်နဲ့ ရိပ်ကို ကြည့်ပေးလိုက်တော့

ရိပ် - ကိုယ် သိပါတယ်။ ရေချိုးလိုက်အုံးမယ်။

ဈာန် - ဉီးရိပ် တဘက်ယူအုံးလေ။

ရိပ် - အင်း ကျေးဇူး!

ကမ်းပေးတဲ့ တဘက်ကို ယူလိုက်ပြီး ရေချိုးခန်းထဲ ၀င်လာလိုက်သည်။ ဘေစင်မှာ မျက်နှာသစ်ရင်း မှန်ကို ကြည့်ကာ

ရိပ် - ငါဘာဖြစ်နေတာလဲ။ ဈာန့် ကို ပြောထားတာတွေ ဘာလို့ မေ့သွားရတာလဲ။

ရေချိုးတော့လည်း ခေါင်းလျှော်ရည်နဲ့ ရေချိုးဆပ်ပြာ မှားလို့မှား နဲ့။

ဈာန် - ဉီးရိပ် ရေ ကျွန်တော် သွားပြီနော်။ အင်္ကျီထုတ်ခဲ့ပေးတယ်။ ဒီနေ့တော့ ကိုယ့်ဘာသာ လုပ်လိုက်တော့နော်

အပြင်က အော်ပြောနေတဲ့ ဈာန့် အသံကို ကြားပေမယ့် ရိပ် ပြန်မပြောမိ! ရေချိုးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်မှာ တင်ထားတဲ့ အ၀တ်အစားတွေကို ယူဝတ်လိုက်သည်။ အားလုံးပြီးစီးတော့ အောက်ထပ်ဆင်းလာပြီး မနက်စာ စားရင်း

ရိပ် - Baby နွားနို့

- သခင်လေး! အစ်ကိုလေးဈာန် စောစောကဘဲ ပဲခူးသွားခဲ့ပြီ။

ရိပ် - ကျွန်တော် မေ့သွားလို့။ မနက်စာ စားလို့ပြီးပြီ ကျွန်တော် သွားတော့မယ်။

အခုထိ အရာမယွင်းသေးသော မနက်စာ ကို ကြည့်ပြီး အဒေါ်ကြီး ကြောင်အနေသည်။

ရိပ် ကုမ္ပဏီ မသွားပဲ စောရန်နိုင် အိမ်ကို ထွက်လာလိုက်သည်။

ရန်နိုင်  - စောစောစီးစီး ငါ့အိမ်ကို ဘာကိစ္စလဲ။

ရိပ် - ငါ မင်းနဲ့ တိုင်ပင်ချင်လို့။ ငါ အခုတလော ခေါင်းခနခန ကိုက်လာပြီ။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now