🍷19🍷{ Zawgyi }

212 6 0
                                    

မုန်း - ဈာန် နေဒီလောက်ပူနေတာကို ဘာလို့ လည်ပိတ် အင်္ကျီကြီး ၀တ်လာရတာလဲ။

ဈာန် - ညက ဂျပိုးကိုက်သွားပြီး အလာဂျစ်ဖြစ်နေလို့ ၀တ်ထားတာ။

မုန်း - ဂျပိုး! ကိုရိပ် အခန်းက ဒီလောက်သန့်ရှင်းတာကို!

ဈာန် - သူက သန့်ရှင်းပေမယ့် ငါက ညစ်ပတ်တာကို။ နင့် အိတ်ယူ ငါ ထိုင်မလို့။

မုန်း - ကိုရိပ်နား သွားထိုင်လေ

ဈာန် - မထိုင်ချင်ပါဘူး။

မုန်းလည်း ဘေးခုံက အိတ်ကို ယူကာ ပေါင်ပေါ်တင်ထားလိုက်ပြီး ဖုန်းထိုင်သုံးနေလိုက်သည်။ ဈာန် ကတော့ တစ်ဖက်ခုံမှာ စောရန်နိုင်နဲ့ စကားပြောနေတဲ့ ရိပ်ကို မျက်စောင်းတထိုးထိုး နဲ့...

ရန်နိုင် - မင်း တို့ ရန်ဖြစ်ထားကြတာလား။

ရိပ် - မဖြစ်ပါဘူး။ မနေ့က ချော့လိုက်တာ ကြမ်းသွားလို့ ငါ့ကို သူ့အနား မလာခဲ့နဲ့တဲ့။

ရန်နိုင် - မင်းက ဘယ်လို ချော့လိုက်တာလဲ။

ရိပ် - ​ဘယ်လိုချော့လဲ ဆိုတော့ သေတောင်မပြောဘူး။

ရန်နိုင်  - မပြောနဲ့။

ရိပ် - ဒါနဲ့ ဘာလို့ China သွားမှာလဲ။

ရန်နိုင် - မုန်း ရဲ့ မာမီ ဆေးရုံတင်ထားရလို့တဲ့။ အန်ကယ်တို့က သွားတွေ့လိုက်ပါ ဆိုတာကြောင့် သွားမလို့။

ရိပ် - အော်!

ရန်နိုင် - အစာအိမ်ကင်ဆာ နောက်ဆုံး အဆင့်တဲ့။ နည်းနည်းတော့ မုန်းလည်း စိတ်မကောင်းဖြစ်နေတယ်။ မင်း ရော လိုက်တွေ့အုံးမှာလား။

ရိပ် - ငါက ဘာကိစ္စလိုက်တွေ့ရမှာလဲ။ အဲ့မိန်းမ နဲ့ မျက်နှာချင်း ကို မဆိုင်ချင်ဘူး။ ငါ့ Baby နဲ့ ငါ့ဘာသာ လျှောက်လည်မှာ။

ရန်နိုင် - သာယာချက်!

ရိပ် - မင်း ဆေးကျောင်းမှာ စာသင်ရတော့မယ်ဆို။

ရန်နိုင် - အင်း မုန်း လည်း ကျောင်းသွားတတ်မှာဆိုတော့ အလွမ်းတွေကို ဖြေဖျောက်ဖို့ အတွက် ကလေးတွေကို စာသင်ရင်း အချိန်ကုန်ဆုံးမလို့!!

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now