🍷14🍷{ Unicode }

387 21 0
                                    

အိပ်ပျော်နေတဲ့စျာန် ကို ကားထဲမှ အသာအယာပွေ့ချီလိုက်ပြီး အိမ်ထဲ ၀င်လာလိုက်သည်။

မိမိတို့ အခန်းထဲရောက်တော့ စျာန့်ကို သေသေချာချာ နေရာချပေးပြီး စျာန့်ဘေး ၀င်ထိုင်ပြီး

ရိပ် - တောင်းပန်ပါတယ် မင်းကို မျက်ရည်ကျစေလို့။

နဖူးပြေပြေလေးပေါ် အနမ်းတစ်ပွင့် ခြွေချပြီး အ၀တ်အစားလဲခန်းဘက် ထွက်လာလိုက်သည်။

ရိပ် ထွက်သွားတော့မှ အိပ်ချင်ယောင်ဆောင်နေသော စျာန် မျက်လုံးဖွင့်လာပြီး ခနက အနမ်းခံလိုက်ရတဲ့ နဖူးလေးကို ကိုင်ကာ

စျာန် - ဦးရိပ် က ငါ့ကို နမ်းတယ်။ ငါ အိပ်ပျော်နေတယ် အထင်နဲ့ နမ်းသွားတယ်။ အား!! တောင်းလည်းတောင်းပန်တယ်။

အဆမတန် ခုန်လာတဲ့ ရင်ဘက်ကြောင့် စောင်ကို ကိုက်ကာ ဘေးဘက်မှာ လူးလှိမ့်လို့နေသည်။

ရိပ် - အဲ့တာ ဘာဖြစ်နေတာလဲ။

ရိပ် အသံကြားမှ စျာန် လူးလှိမ့်နေတာကို ရပ် တပြုံးပြုံးဖြစ်နေသော မျက်နှာကို ပြန်တည်ရင်း အိပ်ယာပေါ်မှာ ငုတ်တုတ် ထထိုင်ကာ

စျာန် - အိပ်ယာထဲ ဂျပိုးရှိတယ် ထင်တယ်။

ရိပ် - ဂျပိုး! ငါ့ အခန်း ဒီလောက်သန့်ရှင်းတာ ဘယ်က ဂျပိုး က ရှိမှာလဲ။ မင်းဘာသာ ဘယ်ချောင်သွားတိုးထားလည်းမှ မသိ!

စျာန်! ရိပ် ကို မျက်စောင်းထိုးကာ အိပ်ယာပေါ်မှ ထကာ ရေချိုးခန်းထဲ ၀င်ဖို့ အလုပ်

ရိပ် - ကေသရာ နဲ့ ကိုယ် ဘာမှ မပတ်သတ်တော့ဘူး။

စျာန် - အဲ့တော့

ရိပ် - ပေါက်ကရ အတွေးတွေ လျှောက်မတွေးနဲ့။

စျာန် - မတွေးပါဘူး။ ခင်ဗျား သူနဲ့ ဇာတ်လမ်း ပြန်ဆက်လည်း နားအေး။ အဲ့တာမှ ခင်ဗျားနဲ့ ကွာရှင်းပြီး လွတ်လွတ်လပ်လပ် နဲ့ ပညာတော်သင်သွားလို့ရမှာ

ရိပ် - စျာန်လင်းသစ်!!!

မာထန်စွာ အော်လိုက်သော ရိပ် အသံကြောင့် စျာန့် ကိုယ်လုံးလေး တုန်တတ်သွားပြီး ရိပ် ကို မော့ကြည့်လိုက်တော့ မျက်လုံးတွေ က စူးရဲနေပြီး လည်ပင်းကသွေးကြောတွေတောင် ထောင်လို့နေသည်။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now