ရိပ် - ဒါက ဘာလဲ
ရိပ် အိမ်ပြန်ရောက်ရောက်ခြင်း အခန်းထဲက စားပွဲခုံပေါ်မှာ တင်ထားတဲ့ စာရွက်တွေကို ဘာများလဲ ဆိုပြီး ကောက်ဖတ်လိုက်တာ စလုံးမှာ ပညာသင်တော် သွားဖို့ အကြောင်းကြားစာ ရောက်နေခြင်း! သွားမဲ့သူက စျာန်လင်းသစ် ဖြစ်နေတာမို့ ရိပ် စိုးထိတ်သွားသည်။
ရေချိုးခန်းထဲကနေ ထွက်လာတဲ့ စျာန့် ကို တွေ့တွေ့ခြင်း စာရွက်တွေကို ထောင်ပြကာ မေးလိုက်တော့
စျာန် - စာမတတ်ဘူးလား။
စင်္ကာပူ ကို ပညာတော်သင် သွားရမှာမို့ စျာန် အရမ်းကို ပျော်နေတယ်။ သီချင်းလေး ညည်းရင်း ရေချိုးနေတာ အချိန် ဘယ်လောက်ကြာသွားမှန်း မသိလိုက်။ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ဦးရိပ် ကို အကြောင်းကြားစာရွက်တွေနဲ့ အတူ တွေ့လိုက်တာမို့ အနည်းငယ် လန့်သွားရသည်။ သို့သော်လည်း ထုံးစံအတိုင်း ဘုတောတောပစ်လိုက်သည်။
ရိပ် - စာတတ်လို့ပဲ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတာ။ မေးတာဘဲဖြေ ဒါက ဘယ်သူ့ခွင့်ပြုချက်နဲ့ ကျောင်းသွားတတ်ဖို့ လုပ်နေတာလဲ။
စျာန် - ကိုယ့်သဘောနဲ့ ကိုယ်တောင် ကျောင်းမတတ်ရဘူးလား။
ရိပ် - ဟ မင်းက အခု အိမ်ထောင်သည်လေ! အိမ်ထောင်ဦးစီးဖြစ်တဲ့ ငါရဲ့ ခွင့်ပြုချက်လိုတယ်။
စျာန် - အဲ့တာက ဦးရိပ်နဲ့ လက်မထပ်ခင်ကတည်းက ကျွန်တော်လျှောက်ထားတာလေ။
ရိပ် - ဘယ်လိုပဲ ဖြစ်ဖြစ် မင်း လုံး၀ မသွားရဘူး။
စျာန် - ဒါတော့ မတရားဘူး။
ရိပ် - မတရားလည်း မတတ်နိုင်ဘူး။ ပြောပြီးသားနော် လုံး၀ပညာတော်သင်မသွားရဘူး။
စျာန် - စျာန်လင်းသစ်တို့က တားလေ ပိုလုပ်ချင်လေဘဲ။ ခင်ဗျားက မသွားနဲ့ ဆို ရောက်အောင် ကို သွားအုံးမှာ။
ရိပ် - စျာန် လင်း သစ်
အကြည့်ချင်းစစ်တိုက်နေကြတာ မီးပွင့်မတတ်။ နှစ်ယောက်လုံးကလည်း အလျှော့မပေး! ထိုအခြေအနေကို ဖြိုခွဲလိုက်တာ စျာန့် ဖုန်းမြည်သံ
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...