🍷20🍷{ Zawgyi }

216 8 0
                                    

- မုန်း မားမား တောင်းပန်ပါတယ်။

မိမိလက်ကို ဆုပ်ကိုင်ပြီး ပြောလာတဲ့ သူ! လက်မှာလည်း ဆေးပိုက်တွေ တန်းလန်း!! အရင်ကထက် ပိုပြီး ပိန်ကာ အိုစာသွားတဲ့ သူ!

မုန်း - မုန်း ပညာတော်သင်သွားရတော့မယ်။ ပြီးတော့ သူက ဒေါက်တာစောရန်နိုင်၊ မုန်း  နဲ့ မကြာခင် လက်ထပ်တော့မဲ့သူ။

ရန်နိုင် - တွေ့ရတာ ၀မ်းသာပါတယ်ဗျာ!

- သမီး သူ့ကို ချစ်လို့ လက်ထပ်မှာလား။ သမီးအဖေ သဘောတူလို့ လက်ထပ်မှာလား။

မုန်း - မုန်း ကိုယ်တိုင် ခေါင်းငြိမ့်လက်ခံထားတာပါ။ မုန်း အတွက် စိတ်မပူပါနဲ့။ မုန်း တည်ထောင်မဲ့ အိမ်ထောင်ရေးကို မုန်း မပျက်ဆီးအောင် ကာကွယ်မှာပါ။

- အင်းပါ!

- လူနာ ဆေးသွင်းချိန် ရောက်ပါပြီ

ဝန်ထမ်းဝတ်ဆုံအပြာရောင်လေးဝတ်ထားတဲ့ သူနာပြုလေးက လာခေါ်တဲ့ နောက် ကျူးစစ်မေ ခေါ် နန်းချယ်ရီလှိုင် ပါသွားသည်။

မုန်း တို့လည်း အနောက်ကနေ လိုက်လာပြီး ဆေးသွင်းတာကို စောင့်နေပေးမိသည်။

နာလို့ အော်ညီးနေတဲ့ လူနာတွေကို ကြည့်ပြီး

မုန်း - ကင်ဆာဆေးက သွင်းရင် အရမ်းနာလား။

ရန်နိုင် - အင်း အရမ်းနာတယ်။ ခန္ဓာကိုယ် ထဲ ပိုးကောင်တွေဝင်ပြီး ကိုက်သလိုပဲ။

မုန်း - မုန်း တို့ ပြန်ကြရအောင်

ရန်နိုင် - မစောင့်ပေးတော့ဘူးလား။

မုန်း - အင့်ဟင်း လာတွေ့ ပြီးပြီ၊ ကိုစော နဲ့လည်း မိတ်ဆက်ပေးပြီးပြီ။ နောက်ထပ် မလိုတော့ဘူးမလား။

ရန်နိုင် - မုန်း မင်းတော်တော်ရင့်ကျက်သွားသလို ပြတ်လည်းပြတ်သားသွားပြီ။ အရင်က လို မဟုတ်တော့ဘူး။

မုန်း - တစ်ယောက်တည်း ရှင်သန်ကြီးပြင်းခဲ့တော့ လောကကြီးက သင်ပေးသွားတာ!

ရန်နိုင် - ကိုယ်တို့ ဒီည Date ကျမလား။ မနက်ဖြန် ပြန်မှာ ဆိုတော့

မုန်း - သန်ဘက်ခါမှ ပြန်မှာ။ ကိုစော ကို အချိန်ပေးမလားလို့။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now