ရိပ် - Daddy နဲ့ Mommy တောင်ကြီး ဘာကိစ္စနဲ့ သွားတာလဲ
- အိမ်ရောက်မှ ပြောမယ် သားရိပ်။
ရိပ် ကားမောင်းရင်း ဘေးဘက်က Daddy ရယ် နောက်ခန်းက တပြုံးပြုံး ဖြစ်နေတဲ့ မာမီရယ် ကြောင့် အတွေးတွေက ချာချာလည်!
အိမ်ရှေ့ ကားရပ်တာနဲ့ အလျင်အမြန် ဆင်းသွားသော ဒေါ်သုလဲ့ရည်ကျော်! အိမ်ထဲရောက်တော့ မနက်စာဝိုင်း မှာ ကူညီပေးနေတဲ့ ဈာန့် ဆီ သွားကာ
- သားဈာန် မာမီ နဲ့ စကားပြောရအောင်
ဈာန် ရုတ်တရက် သူ့ကိုယ်သူ မာမီ လို့ပြောလာတဲ့ ယောက္ခမဖြစ်သူကို အံ့သြစွာ ကြည့်နေမိသည်။
- သားဈာန်!
ဈာန် - ဗျာ! ဗျာ!
- မာမီ နဲ့ စကားပြောရအောင် လာ
ဈာန့် ကို ဧည့်ခန်းထဲ ဆွဲခေါ်သွားတာမို့ အခုမှ အိမ်ထဲ ၀င်လာတဲ့ ရိပ် နဲ့ ဉီးလင်းရိပ်မာန် လည်း ဧည့်ခန်းထဲမှာ ၀င်ထိုင်ကာ
- ခနလေး သု! သားတို့ကို အကြောင်းစုံပြောပြပြီးရအောင်။
ရိပ် - Daddy တို့ မပြောခင် ကျွန်တော် အရင်ပြောမယ်။ ဈာန် ဟိုစာရွက်တွေ သွားယူပေးပါလား။
ဈာန် - ဟုတ်ကဲ့ ဉီးရိပ်
ဈာန် လည်း အိမ်ပေါ်ကို အမြန်ပြေးတတ် အခန်းထဲဝင်ကာ စားပွဲအံဆွဲထဲက ဆေးစစ်ချက်ဖိုင်ကို ယူပြီး အောက်ပြန်ဆင်းလာလိုက်သည်။
ဈာန် - ဉီးရိပ် ဒီမှာ
ရိပ် - Daddy နဲ့ မာမီ ဒါလေးကို အရင်ကြည့်ကြည့် ကြပါ။
လင်မယားနှစ်ယောက် သူတို့ရှေ့ ရောက်လာတဲ့ စာအိတ်အညိုကို ယူကာ အထဲက စာရွက်တွေကို ထုတ်ကြည့်လိုက်ပြီး
- သားရိပ် ဒါက ဒါက
ရိပ် - ဈာန် အကြံပေးလို့ ကျွန်တော် DNA စစ်ထားတာ။ မာမီ နဲ့ကျတော့ ညီမလေး ဂုတ်ပိုးပေါ်မှာ ရှိနေတဲ့ အမှတ်အသားက မာမီ အမှတ်နဲ့ တူနေလို့ စစ်ကြည့်လိုက်တာ
- DNA တောင် စစ်စရာ မလိုဘူး သားရယ်။ မင်းညီမလေးက မာမီဝမ်းနဲ့ လွယ်မွေးထားရတဲ့ သမီးလေးပါ။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romansaမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...