🍷33🍷{ Unicode }

355 15 1
                                    

- ခိုက်!

ခိုက် ရဲ့ အကြောင်းကြားချက်ကြောင့် သိန်းလင်းစိုး နဲ့ ၀ဏ္ဏ ဆေးရုံကို ရောက်လာခဲ့ကြသည်။

ခွဲခန်းရှေ့ ခေါင်းငိုက်စိုက် ထိုင်နေတဲ့ ခိုက်

- ဘယ်လိုဖြစ်တာလဲ။ 

ခိုက် - ငါကြောင့် ငါကြောင့် လှေကားပေါ်ကနေ ခြေချော်ပြီး ပြုတ်ကျသွားတာ။ သွေးတွေ အများကြီးပဲ။

မှော်ဘီက အိမ်ကြီးရဲ့ လှေကားထစ်က ၃၀ ကျော်လောက်ရှိတာ မို့  မုန်း အတွက် စိုးရိမ်ရသည်။

- သူအိမ်ကိုရော အကြောင်းကြားထားလား။

ခိုက် - ဘယ်သူကိုမှ မကြားရသေးဘူး။

သိန်းလင်းစိုးလည်း ဖုန်းထုတ်ကာ ညီမ၀မ်းကွဲ မှူး ဆီ ဖုန်းဆက်ကာ စျာန့် ဆီ အကြောင်းကြားခိုင်းလိုက်သည်။

ဒီဘက်မှာလည်း ရိပ် ကို အရေးပေါ် ခွဲစိတ်မှု ပြုလုပ်နေကြသည်။ ခွဲခန်းရှေ့ အားလုံး ရှိနေကြပေမယ့် ရန်နိုင် ကတော့ မုန်း သတင်းကိုသာ မျှော် နေသည်။

📲📲📲📲

ကျယ်လောင်စွာ မြည်လာတဲ့ စျာန့် ဖုန်း! Answer Key ကို နှိပ်လိုက်ပြီး

📞၀ဿန် ပြော📞

📞စျာန်! မုန်း...မုန်းလေ အီးဟီး📞

📞မုန်း ဘာဖြစ်လို့လဲ။ ၀ဿန် ငါ့ကို ပြောစမ်း📞

စျာန့် အသံက ကျယ်သွားတာမို့ အားလုံး စျာန့် အနားကို ရောက်လာကြသည်။

📞 မုန်း လှေကားပေါ်က ပြုတ်ကျလို့ အခု မှော်ဘီ က ******ဆေးရုံမှာတဲ့။ အရမ်းစိုးရိမ်ရတယ်တဲ့။ 📞

📞ဟာ!!!📞

၀ဲတတ်လာတဲ့ မျက်ရည်စတွေကို မျက်တောင်နဲ့ ပုတ်ခတ်ကာ သိမ်းဆည်းပြီး ဖုန်းပြောတာကို လက်စသတ်လိုက်သည်။ စျာန် ဖုန်းပြောပြီးတာနဲ့

ရန်နိုင် - စျာန်! မုန်း...မုန်း ဘယ်မှာလဲ။

စျာန် - မုန်း လှေကားပေါ်က ပြုတ်ကျလို့ မှော်ဘီ က ***** ဆေးရုံမှာတဲ့။ စိုးရိမ်ရတဲ့ အခြေအနေတဲ့

ရန်နိုင် - လှေကားပေါ်က ပြုတ်ကျတယ်။

- သမီး သမီးမုန်း!

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now