🍷10🍷{ Zawgyi }

225 8 0
                                    

ရိပ် - တောက်စ်!!

ရိပ် ဒေါသထွက်လွန်းလို့ မျက်နှာတွေတောင် နီရဲနေသည်။ ဘုရင့်နောင် တံတားပေါ်မှာ ကားရပ်ထားတာ ကြာပြီ တစ်ယောက်မှ ဘာစကားမှ မပြောဖြစ်သေး။ ဘေးကနေ မျက်နှာသေ နဲ့ ထိုင်နေတဲ့ မုန်းကို ကြည့်ပြီး ပိုပြီး ဒေါသထွက်ရပြန်သည်။

ရိပ် - အဲ့ကောင်က ဘာနေရာများ ကောင်းနေလို့လဲ။

မုန်း - ကိုရိပ် ပြောစရာမရှိရင် မုန်း အိမ်ပြန်တော့မယ်။

အဆက်အစပ်မရှိ ပြောထွက်လာတဲ့ စကားကို မုန်း ကလည်း အဆက်အစပ်မရှိတဲ့ စကားနဲ့ ပြန်ပြောလိုက်သည်။

ရိပ် - မင်းခိုက်စံကို ဘယ်လောက်ထိချစ်လဲ။

မုန်း - မသိဘူး။ သူ ထားမသွားသရွေ့တော့ သူ့ကို ချစ်နေမှာဘဲ။ သူ ထားသွားရင်တော့ မုန်း လည်း သူ့ကို မချစ်တော့ဘူး။ ကိုယ်က ဆွဲထားရင် ကိုယ်ပဲ ပင်ပန်းလိမ့်မယ်။

သွားလာနေတဲ့ ကားတွေကို ကြည့်ကာ ပြောလာတဲ့ မုန်းကို ကြည့်ပြီး လွန်ခဲ့သော ဆယ်ကျော်သက် ဘ၀က ကိုယ့် အဖြစ်ကို တောင် သတိရသွားမိ။ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်ခဲ့တဲ့ ကျွန်တော်! အချစ်ဉီးသူဆီက သစ္စာဖောက်ခံရပြီးနောက် အလူးအလဲ ခံစားခဲ့ရပြီး သေမလိုတောင် ဖြစ်ခဲ့သေး။ အင်း အလင်္ကာဆိုတဲ့ ကောင်မလေးနဲ့ တွေ့တော့မှ ကျွန်တော် အရင်လိုပြန်ဖြစ်ခဲ့တယ်။ အလင်္ကာသေသွားတော့ ကျွန်တော့်ဘ၀ကြီးက လုံးဝကို ခြောက်ကပ်သွားတယ်။ အခု မုန်းကတော့ အချစ်ကို အရမ်းကြီး မကိုးကွယ် တဲ့ လူတစ်ယောက် မို့ စိတ်အေးရသည်။

မုန်း -  မုန်း ပင်ပန်းနေလို့ နားချင်ပြီ။   မုန်း ဘာသာ ကားငှားပြီး ပြန်တော့မယ်။

ကားပေါ် က ဆင်းဖို့ လုပ်နေတဲ့ မုန်းလက်ကို လှမ်းဆွဲလိုက်ပြီး

ရိပ် - လိုက်ပို့မယ်။ မင်း နေတဲ့ နေရာပါ သိထားတော့ Daddy မေးတဲ့ အချိန် ဖြေလို့ရအောင်။

ခနက ဒေါသထွက်နေသူ မဟုတ်သလို ခပ်တည်တည်ပြောလာသော ကိုရိပ်ကြောင့် မုန်း လည်း ဘာမှ ဆက်မပြောတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။

အိမ်ပြန်လမ်း တလျှောက်မှာလည်း တစ်ယောက်မှ စကားမပြောဖြစ်ကြ။တိုက်ခန်းရောက်တော့

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now