ရန်နိုင် - ရိပ်!
ရိပ် - ရှူး
အခန်းထဲ ၀င်ဝင်ချည်း ရိပ် သတိရနေတာမို့ ခေါ်လိုက်တာကို နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် ပြောလာတဲ့ ရိပ်! ကြည့်လိုက်တော့ ရိပ် ညာဘက်လက်ကို ကိုင်ပြီး ကုတင်စောင်းလေးပေါ် ခေါင်းတင်ကာ အိပ်နေတဲ့ ဈာန်လင်းသစ်!
ရန်နိုင် - သက်သာလား။
ရိပ် - အင်း
ရန်နိုင် - သူ ညက မင်းကို တော်တော် စိုးရိမ်နေတာ။
ရိပ် - အင်း
ရန်နိုင် သူတစ်ခွန်းပြောတိုင်း အင်း ပဲ ဖြေနေသူကြောင့် စိတ်အချဉ်ပေါက်လာပြီ။ ရန်နိုင် ခပ်ညစ်ညစ် ပြုံးကာ
ရန်နိုင် - မင်း သူ့ကို ချစ်နေပြီမလား။
ရိပ် - ဘယ်လိုထင်လဲ။
ရန်နိုင် - မင်း သူ့ကို ချစ်တယ်။ မင်း ချစ်လို့ သူ့အဖေ ကုမ္ပဏီအခြေအနေ မကောင်းအောင် လုပ်ပြီး အကူအညီပေးသလိုနဲ့ လက်ထပ်လိုက်တာမလား။
ရိပ် - မင်း မဆိုးဘူး။ တော်တယ်။ ဟုတ်တယ်။ မုန်း ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့တုန်းက မနက်အစောကြီး မွေးနေ့လက်ဆောင် လာပေးကတည်းက ငါ သဘောကျခဲ့တာ။ အဲ့ ကတည်းက သူ့အကြောင်းတွေ ကြယ်စင့်ကို စုံစမ်းခိုင်းရတာ။
ဟုတ်တယ် သူက ငယ်ငယ်တုန်းက ကျွန်တော်သိခဲ့တဲ့ သွားကျိုးလေးမှန်း မသိခဲ့ဘူး။ မုန်း အစဖော်ပေးမှ သိခဲ့ရတဲ့ အဖြစ်!
ရန်နိုင် - သူကရော မင်းကို ချစ်ရဲ့လား။
ရိပ် - အဲ့တာတော့ ငါလည်း မသိဘူး။
ရန်နိုင် - မင်းဘက်က ဖွင့်ပြောလိုက်လေ။
ရိပ် - ငါ ဘယ်တော့မှ ဖွင့်မပြောဘူး။ ကေသရာ လို ငါ့အပေါ် သစ္စာဖောက်သွားမှာ စိုးလို့။ ပြီးတော့ အလင်္ကာလို ငါ့ကိုထားခဲ့မှာလည်း ကြောက်တယ်
ဈာန် - မာမီ!!!
နှစ်ယောက်သား စကားပြောနေတုန်း မာမီ လို့ အော်ကာ နိုးလာသော ဈာန်! ချွေးတြွေပန်ပြီး မောဟိုက်နေတာမို့
ရိပ် - ဈာန် ဘာဖြစ်လို့လဲ။
ဈာန် - မာမီ ကို အိမ်မက်မက်လို့။ ကျွန်တော် သန့်စင်ခန်း သွားလိုက်ဉီးမယ်။
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...