မုန်း - စျာန် နေဒီလောက်ပူနေတာကို ဘာလို့ လည်ပိတ် အင်္ကျီကြီး ၀တ်လာရတာလဲ။
စျာန် - ညက ဂျပိုးကိုက်သွားပြီး အလာဂျစ်ဖြစ်နေလို့ ၀တ်ထားတာ။
မုန်း - ဂျပိုး! ကိုရိပ် အခန်းက ဒီလောက်သန့်ရှင်းတာကို!
စျာန် - သူက သန့်ရှင်းပေမယ့် ငါက ညစ်ပတ်တာကို။ နင့် အိတ်ယူ ငါ ထိုင်မလို့။
မုန်း - ကိုရိပ်နား သွားထိုင်လေ
စျာန် - မထိုင်ချင်ပါဘူး။
မုန်းလည်း ဘေးခုံက အိတ်ကို ယူကာ ပေါင်ပေါ်တင်ထားလိုက်ပြီး ဖုန်းထိုင်သုံးနေလိုက်သည်။ စျာန် ကတော့ တစ်ဖက်ခုံမှာ စောရန်နိုင်နဲ့ စကားပြောနေတဲ့ ရိပ်ကို မျက်စောင်းတထိုးထိုး နဲ့...
ရန်နိုင် - မင်း တို့ ရန်ဖြစ်ထားကြတာလား။
ရိပ် - မဖြစ်ပါဘူး။ မနေ့က ချော့လိုက်တာ ကြမ်းသွားလို့ ငါ့ကို သူ့အနား မလာခဲ့နဲ့တဲ့။
ရန်နိုင် - မင်းက ဘယ်လို ချော့လိုက်တာလဲ။
ရိပ် - ဘယ်လိုချော့လဲ ဆိုတော့ သေတောင်မပြောဘူး။
ရန်နိုင် - မပြောနဲ့။
ရိပ် - ဒါနဲ့ ဘာလို့ China သွားမှာလဲ။
ရန်နိုင် - မုန်း ရဲ့ မာမီ ဆေးရုံတင်ထားရလို့တဲ့။ အန်ကယ်တို့က သွားတွေ့လိုက်ပါ ဆိုတာကြောင့် သွားမလို့။
ရိပ် - အော်!
ရန်နိုင် - အစာအိမ်ကင်ဆာ နောက်ဆုံး အဆင့်တဲ့။ နည်းနည်းတော့ မုန်းလည်း စိတ်မကောင်းဖြစ်နေတယ်။ မင်း ရော လိုက်တွေ့အုံးမှာလား။
ရိပ် - ငါက ဘာကိစ္စလိုက်တွေ့ရမှာလဲ။ အဲ့မိန်းမ နဲ့ မျက်နှာချင်း ကို မဆိုင်ချင်ဘူး။ ငါ့ Baby နဲ့ ငါ့ဘာသာ လျှောက်လည်မှာ။
ရန်နိုင် - သာယာချက်!
ရိပ် - မင်း ဆေးကျောင်းမှာ စာသင်ရတော့မယ်ဆို။
ရန်နိုင် - အင်း မုန်း လည်း ကျောင်းသွားတတ်မှာဆိုတော့ အလွမ်းတွေကို ဖြေဖျောက်ဖို့ အတွက် ကလေးတွေကို စာသင်ရင်း အချိန်ကုန်ဆုံးမလို့!!
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romansမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...