🍷16🍷{ Zawgyi }

214 8 0
                                    

ရိပ် - ဒါက ဘာလဲ

ရိပ် အိမ်ပြန်ရောက်ရောက်ခြင်း အခန်းထဲက စားပွဲခုံပေါ်မှာ တင်ထားတဲ့ စာရွက်တွေကို ဘာများလဲ ဆိုပြီး ကောက်ဖတ်လိုက်တာ စလုံးမှာ ပညာသင်တော် သွားဖို့ အကြောင်းကြားစာ ရောက်နေခြင်း!  သွားမဲ့သူက ဈာန်လင်းသစ် ဖြစ်နေတာမို့ ရိပ် စိုးထိတ်သွားသည်။

ရေချိုးခန်းထဲကနေ ထွက်လာတဲ့ ဈာန့် ကို တွေ့တွေ့ခြင်း စာရွက်တွေကို ထောင်ပြကာ မေးလိုက်တော့

ဈာန် - စာမတတ်ဘူးလား။

စင်္ကာပူ ကို ပညာတော်သင် သွားရမှာမို့ ဈာန် အရမ်းကို ပျော်နေတယ်။ သီချင်းလေး ညည်းရင်း ရေချိုးနေတာ အချိန် ဘယ်လောက်ကြာသွားမှန်း မသိလိုက်။ ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ဉီးရိပ် ကို အကြောင်းကြားစာရွက်တွေနဲ့ အတူ တွေ့လိုက်တာမို့ အနည်းငယ် လန့်သွားရသည်။ သို့သော်လည်း ထုံးစံအတိုင်း ဘုတောတောပစ်လိုက်သည်။

ရိပ် - စာတတ်လို့ပဲ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတာ။ မေးတာဘဲဖြေ ဒါက ဘယ်သူ့ခွင့်ပြုချက်နဲ့ ကျောင်းသွားတတ်ဖို့ လုပ်နေတာလဲ။

ဈာန် - ကိုယ့်သဘောနဲ့ ကိုယ်တောင် ကျောင်းမတတ်ရဘူးလား။

ရိပ် - ဟ မင်းက အခု အိမ်ထောင်သည်လေ! အိမ်ထောင်ဉီးစီးဖြစ်တဲ့ ငါရဲ့  ခွင့်ပြုချက်လိုတယ်။

ဈာန် - အဲ့တာက ဉီးရိပ်နဲ့ လက်မထပ်ခင်ကတည်းက ကျွန်တော်လျှောက်ထားတာလေ။

ရိပ် - ဘယ်လိုပဲ ဖြစ်ဖြစ် မင်း လုံးဝ မသွားရဘူး။

ဈာန် - ဒါတော့ မတရားဘူး။

ရိပ် - မတရားလည်း မတတ်နိုင်ဘူး။ ပြောပြီးသားနော် လုံးဝပညာတော်သင်မသွားရဘူး။

ဈာန် - ဈာန်လင်းသစ်တို့က တားလေ ပိုလုပ်ချင်လေဘဲ။ ခင်ဗျားက မသွားနဲ့ ဆို  ရောက်အောင် ကို သွားအုံးမှာ။

ရိပ် - ဈာန် လင်း သစ်

အကြည့်ချင်းစစ်တိုက်နေကြတာ မီးပွင့်မတတ်။ နှစ်ယောက်လုံးကလည်း အလျှော့မပေး! ထိုအခြေအနေကို ဖြိုခွဲလိုက်တာ ဈာန့် ဖုန်းမြည်သံ

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now