🍷28🍷{ Zawgyi }

179 6 0
                                    

အခုတလော ဉီးရိပ် အိမ်ပြန်နောက်ကျလာသလို အိမ်ပြန်ရောက်လျှင်လည်း ဉီးရိပ် အနားက ချိုအီအီ ရေမွှေးရနံ့ပါ ကပ်ပါလာသည်။

ဟိုတလောကလည်း အရက်မူးပြီးပြန်လာတာ အင်္ကျီမှာ နှုတ်ခမ်းနီ အရာ ထင်းလာတယ်။ အရင်လို ကျွန်တော့်ကို ဉီးရိပ် ဂရုမစိုက်တော့ဘူး။ တစ်ခါတစ်လေ ဆို ကျွန်တော့်ကို မသိတဲ့ လူလိုတောင် ကြည့်ပြီး မျက်နှာလွှဲသွားတယ်။

ဈာန် - ဟူးး!

- ဘာလို့ သက်ပြင်းတွေချနေတာလဲ MD

ဈာန် - ဒီလိုပါပဲ။

- MD တို့ အိမ်ထောင်ရေး အဆင်ရောပြေရဲ့လား။

ဈာန် - ဘာလို့ ဒီလိုမေးတာလဲ မင်းခန့်

- ဟို...ဟို

ဈာန် - ပွင့်ပွင့်လင်းလင်းပြော

- ဟိုတစ်နေ့က ကျွန်တော့် ကောင်မလေး နေမကောင်းလို့ ဆေးခန်းသွားပြတာ။ အဲ့နေ့က ဉီးအရိပ်မဲ့ကို အမျိုးသမီးတစ်ယောက်နဲ့ တွဲတွေ့လိုက်တယ်။ သူတို့ လာပြတာက သားဖွားမီးယပ်အထူးကုဆရာဝန် နဲ့ လာပြတာ။

ဈာန် - OG နဲ့ ပြတာ!

မျက်ရည်တွေ ဝဲကာ လက်သီးကို တင်းတင်းဆုပ်ထားတဲ့ ဈာန့် ကို ကြည့်ပြီး မင်းခန့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ!

ဈာန် - ငါ ဉီးရိပ်ဆီ သွားလိုက်အုံးမယ်။

ကားသော့ ဆွဲယူကာ ရုံးခန်းထဲမှ အပြေးထွက်လာလိုက်သည်။

🍓 ဉီးရိပ် ခင်ဗျား ကျွန်တော့် နောက်ကွယ်မှာ မဖောက်ပြန်နဲ့ နော်။🍓
%
%
%
ယုယ - ဒီနေ့ ဘယ်လိုနေလဲ ရိပ်

ရိပ် - မနက်ကတည်းက ခေါင်းကိုက်နေတာ ဆေးသောက်ထားတာတောင် မသက်သာဘူး။ ဟူး ဟိုကလေး မနိုးခင် အမြန်လစ်လာရတာ။

ယုယ - ဈာန့် ကို အမှန်တိုင်း ဖွင့်​ပြော

ရိပ် - မဖြစ်ဘူး။ သူ ကို မနာကျင်စေချင်ဘူး။

ယုယ - အခု နင် ရွေးချယ်ထားတဲ့ လမ်းကလည်း သူ့ကို နာကျင်စေတာပဲ။

ရိပ် - ငါ့ ကို မုန်းတီးသွားရင် သူမနာကျင်တော့ပါဘူး။ ဒါနဲ့ ဟိုကောင်ရော

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now