ဈာန် ရင်ခုန်ခြင်းများစွာဖြင့် ရိပ် ပြန်လာမှာ စောင့်နေသည်။ ဒီနေ့က သူတို့ လက်ထပ်ထားတာ ၂နှစ်ပြည့်တဲ့ နေ့! အိမ်ရှိလူအားလုံးကိုလည်း ခွင့်ပေးထားတာမို့ အိမ်မှာ ဈာန် တစ်ယောက်သာ ရှိသည်။
Anni day မို့ ဈာန် အလုပ်မသွားပဲ အသိအစ်ကိုဆိုင်မှာ ကိတ်မုန့် သွားလုပ်ပြီး အိမ်ပြန်ရောက်တော့ ဟင်းတွေ ကြော်လျှော် ချက်ပြုတ်နေတာ ညနေ ၅နာရီထိုးခံနီးမှ အားလုံး ပြီးသွားတော့သည်။
ဈာန် - ဟူး ရင်ခုန်လိုက်တာ! ဉီးရိပ် က ဒီနေ့ကို မမှတ်မိဘူးထင်တယ်။ ရေသွားချိုးအုံးမှ နံစော်နေတာဘဲ။
သူကိုယ်ကို နမ်းကြည့်ပြီးနောက် နှာခေါင်းရှုံ့သွားသော ဈာန်! အလျင်အမြန်အပေါ်ထပ်ကို ပြေးတတ်ပြီး ရေမိုးချိုးရသည်။
ရိပ် အိမ်ကိုပြန်ရောက်တော့ တိတ်ဆိတ်နေတဲ့ အိမ်ကြောင့်
ရိပ် - အဒေါ်ကြီး! အဒေါ်ကြီး!
မီးဖိုချောင် ထဲ ၀င်ကြည့်တော့ စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဟင်းခွက်တွေက အပြည့်
ရိပ် - ဘာတွေ သွားနေကြတာလဲ။
ဘယ်သူမှကို မတွေ့တာကြောင့် ရိပ် အပေါ်ထပ်ကိုသာ တတ်လာလိုက်သည်။
အခန်းထဲရောက်တော့ ကုတင်ပေါ်လှဲဖို့ အလုပ် ချွတ်ထားတဲ့ အ၀တ်တွေကြောင့်
ရိပ် - ဘယ်သူ့အ၀တ်တွေလဲ။
အ၀တ်တွေကို လက်ညှိုးနဲ့ လက်မကိုသူ အသုံးပြုပြီး ကုတင်ပေါ်မှ ကြမ်းပြင်အောက်ကို ပစ်ချလိုက်သည်။
ရိပ် - နံစော်နေတာကို။ ကျစ်!
ချောက်!
ရေချိုးခန်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်လိုက်တော့ ခေါင်းရေစလက်နဲ့ ထွက်လာသော ဈာန်!
ဈာန် - ဉီးရိပ် ပြန်ရောက်နေပြီလား။
ရိပ် - အင်း!!
အင်း တာဖြေလိုက်ပေမယ့် ရိပ်! ဈာန့် ကို မေ့နေသည်။
ဈာန် - ဉီးရိပ် ဒီနေ့ ဘာနေ့လဲ သိလား။
ရိပ် - သောကြာနေ့
ဈာန် - မဟုတ်ဘူးလေး။ ဒီနေ့က
YOU ARE READING
ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]
Romanceမင်းကို ယူခဲ့တယ် ဆိုတာကလည်း ကုမ္ပဏီ အခြေအနေကြောင့်။ ငါ ဆိုတာ ဘယ်သူကိုမှ မချစ်တတ်ဘူး။ အရိပ်မဲ့ ဦးရိပ် တို့ မောင်နှမ နှစ်ယောက်က မချစ်တတ်ကြဘူး။ အဲ့ မချစ်တတ်တဲ့ ဦးရိပ်ကိုမှ ကျွန်တော်က စွဲစွဲလမ်းလမ်း ချစ်မိနေတယ်။ ငါ ဆိုတာ အမှတ်မရှိဘူး. ဈာန်လင်းသစ် စတ...