🍷7🍷{ Zawgyi }

221 7 0
                                    

ရိပ် - ရော့ ဒီပိုက်ဆံယူပြီး ညီမလေးမုန်း နဲ့ ဆက်မပတ်သတ်နဲ့။ ခင်ဗျား ကြောင့် အလုပ်မလုပ်ဖူးတဲ့ ကလေးမလေးက အခုတော့ ခင်ဗျားကြောင့် အလုပ်လုပ်နေရတယ်။ မိခင်ကောင်း မပီသချင်နေပါ။ ညီမလေး ကိုတော့ ဒုက္ခလာမပေးနဲ့။

ကျူးစစ်မေ - အဟက် ငါ မထင်ထားဘူး။ မုန်းရိပ်ဆူး က ဒီလောက်ထိ အဖိုးတန်မယ်လို့။ ဒီပမာဏ လောက်နဲ့ဆို ငါတို့ အဆင်ပြေသွားပြီ။ ဆက်ပြီးလည်း မပတ်သတ်တော့ဘူး။ အော် တစ်ခု ပြောရအုံးမယ်။

ကျူးစစ်မေ ခေါ် မုန်း ရဲ့ အမေ က ရိပ် ရဲ့ နား နားကို ကပ်ပြီး

ကျူးစစ်မေ - မုန်းရိပ်ဆူး က ငါ့သမီးအရင်း မဟုတ်ဘူး။ ငါ့သမီးက မွေးမွေးချင်းဆုံးသွားတာ။

ထိုတစ်ခွန်းသာ ပြောပြီး ဆိုင်ထဲမှာ ထွက်လာလိုက်သည်။ ရိပ် ကတော့ အတွေးတွေနဲ့ ချာချာလည်ပြီး ကျန်ခဲ့သည်။

ရိပ် - မုန်း က သူ့ သမီးမဟုတ်ဘူးဆို ဘယ်သူ့သမီးလဲ။

••
•••
မုန်း - ဈာန် ကိုရိပ်က ဘယ်နေ့ပြန်လာမှာလဲ ။

ဈာန် - ဘယ်သိမလဲ။ သူ့ဘာသာ ပြန်ရောက်ချင်တဲ့ အချိန် ပြန်ရောက်မှာပေါ့။

မုန်း - ကိုရိပ် က ဈာန့်ယောကျာ်းလေ။

ဈာန် - သူ့ယောကျာ်းဖြစ်တာနဲ့ အားလုံးကို သိရမှာလား မုန်းရယ်။

မုန်း - ဈာန် တို့ ယူထားတာဖြင့် ၃လ ပြည့်တော့မယ်။ အခုထိ မရင်းနှီးသေးဘူးပေါ့။

ဈာန် - မေးထူးခေါ်ပြောလောက်တော့ ရှိပါတယ်။ မုန်းနဲ့ ခိုက်က ဘာတွေလဲ။

မုန်း - ခိုက် က မုန်းကို ချစ်ရေးဆိုထားတယ်။ မုန်း မချစ်ရဲဘူး ကြောက်တယ်။ မားမား လို မုန်းကို ထားခဲ့မှာ အရမ်းကြောက်တယ်။

ဈာန် - ခိုက်က မုန်းကိုတော့ တော်တော်လေး ချစ်မဲ့ ပုံပါဘဲ။

မုန်း - အရမ်းချစ်တယ်လို့ ပြောပြီး ပြောင်းလဲသွားတဲ့ လူတွေမှ အများကြီး။ ပြီးတော့ ခိုက်အမေ က မုန်းနဲ့ ခိုက် ကို တွဲသွားတွဲလာ လုပ်တာတွေ မကြိုက်ဘူးထင်တယ်။ ဟိုရက် က Mall မှာ တွေ့တုန်းက ခိုက် ကို အတင်းပြန်ခေါ်သွားတာ။ လူတကာ မကြည်ဖြူနိုင်တဲ့ ဘ၀ကြီးမှာ နေရတာ အရမ်း မွန်းကြပ်တယ်။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now