Crocodile Tears (Part-7)

940 101 29
                                    

Crocodile Tears (Part-7)

သူ့အတွေး မဆုံးခင်မှာပင် ကောင်လေးဆီမှ တုန်တုန်ရင်ရင်နှင့် ခေါ်လိုက်သံလေး ကြားလိုက်ရ၏။

"ဆ..ဆရာ......"

"ဟင်....."

"အဲ့ဒီနေရာနာရင် မပေါ့ပါနဲ့ဆရာ... အဲ့တာနှလုံးရောဂါ ဖြစ်နိုင်ချေ များတယ်လေ.. ဘယ်ဖက်လက်မောင်း ကြွက်သားတွေပါ ကိုက်သေးလားဆရာ... စိတ်မချမ်းမြေ့စရာတွေကို ခေါင်းထဲ သိပ်မထည့်ပါနဲ့လား ဆရာရယ် ဒီကိုရောက်တုန်း စိတ်ကိုအများကြီး အနားပေးပြီး နေပါနော်.... လုပ်ငန်းတွေအပေါ်လဲ စိတ်ရောက်မနေပါနဲ့
ကောင်းကောင်းစား..ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းသာ အနားယူလိုက်ပါ... ဆရာ့အနားမှာ ကျွန်တော် တစ်ယောက်လုံးရှိတယ် ဘာမှမပူနဲ့..."

ကောင်လေး၏စကားကြောင့် သူတွေးနေခဲ့သည့် အတွေးများ ဖြတ်ခနဲပင် ပျောက်ကွယ်သွားသလို ကောင်လေး၏လက်ဖဝါးလဲ သူ့ရင်ဘတ်ဆီမှ ရုတ်သွားခဲ့တော့၏။ ကောင်လေးမျက်နှာက ကရုဏာအပြည့်ဖြင့်။ စာနာမှုအပြည့်ဖြင့်။

နဂိုကပင် စကားသိပ်မပြောဖြစ်သော သူ့အတွက် ပြောစရာစကား ဘယ်ဆီဘယ်ဝယ် ​ရောက်သွားမှန်းပင် မသိတော့။ ကောင်လေးကပဲ အ လွန်းသည်လား။ သူကိုယ်တိုင်၏ ထုတ်ဖော်ပြသခြင်းက မပီပြင်ခဲ့သည်လား မသိ။ ပထမအစီအစဉ်ဖြစ်သည့် နေမကောင်းခြင်းအကြောင်းပြ၍ ဖွင့်ပြောသည့်အစီအစဉ်ကား မအောင်မြင်သဖြင့် နောက်ဆုံး၌ သူ့ဘက်ကသာ အလျော့ပေးလိုက်ရတော့၏။

"အေးပါကွာ......"

"ဆရာစိတ်နည်းနည်း လန်းသွားအောင် ရေနွေးနွေးနဲ့ရေချိုးလိုက်နော်...ကျွန်တော်ပြင်ပေးမယ်..."

"အင်း..."

ကောင်လေးက သွက်လက်စွာပင် အခန်းထဲမှ ထွက်သွားတော့မှ သက်ပြင်းတစ်ချက်ချရင်း ပြုံးမိသည်။ မဟာကရုဏာတော် ပြည့်ဝလွန်းပါသော ​ကောင်လေးက သူ၏ ရိုဆန်ဆန်ဖွင့်ပြောမှုကို နားလည်မှုမရှိခဲ့ပါဘဲ သူ့တွင်တကယ်ပင် နှလုံးရောဂါရှိနေသည်ဟု ထင်သွားခဲ့သေးသည်။ စိတ်မကောင်းဖြစ်နေသည်တဲ့။ ထိုအူတူတူကောင်လေးဆီမှ အချစ်ကိုရရှိဖို့ သူမည်မျှကြိုးစားရလိမ့်အုံးမည်နည်း။

Crocodile Tears (Complete)Where stories live. Discover now