Crocodile Tears ( Part - 25)

549 61 4
                                    

Crocodile Tears ( Part- 25)

ည (၇ )နာရီ ခန့်၌ ဒေါ်စောစန္ဒာကို ညနေစာကျွေး ဆေးတိုက်ပြီးနောက် အတာ အိမ်သို့ ပြန်ခဲ့လိုက်သည်။ ဇဝနက အတာ့ကို လိုက်ပို့ပေးရင်း ကား အပြင်ဘက်ကို ငေးကာ တိတ်တဆိတ် လိုက်ပါလာသည့် အတာ့ကို သတိထားမိလိုက်သည်။

နေ့လည်ပိုင်းက မာမီ ပြောသည့် စကားက အတာ့ အတွက် စိတ်အဆင်မပြေစေမှန်း သူနားလည်မိသည်။ သူကိုယ်တိုင် စိတ် ကျဥ်းကြပ် နေရသည့်အတွက် အတာ့ကို နားလည်ကာ အားနာနေမိသည်။

အတာ ၏ တိတ်ဆိတ်ခြင်းကြောင့် သူအနေခက်မိသည်။ "အတာ ဘာများ တွေးနေမလဲ စိတ်ပင်ပန်း နေမလား” ဟု စိတ်ထဲမှ ဆိုနေမိသော်လည်း ထိုမေးခွန်းက မေးစရာမလိုသည့် မေးခွန်းတစ်ခု ဖြစ်နေပြန်သည်။

အိမ်ပြန်ရောက်တော့ အတာက ဆွဲခြင်းကို ဆွဲကာ ကားပေါ်မှ အရင်ဆင်း သွားခဲ့သည်။ ဇဝန ကားပေါ်မှ ကမန်းကတန်း ဆင်းပြီး အတာ့နောက် အပြေးလိုက်ခဲ့တော့ အတာက သော့ဖွင့်ကာ အိမ်ထဲသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်၏။

အတာက ဖိနပ်စင်နားတွင် ဖိနပ်ကို စီစီရီရီ ချွတ်လိုက်ချိန်၌ ဇဝနက သူ့အနောက်ဖက်မှနေ၍ ခပ်တင်းတင်းဖက်ထား လိုက်တော့သည်။

"ပင်ပန်းလိုက်တာ...”

".....”

ဇဝန ကတိုးလျစွာ ညည်းတွား လိုက်သော်လည်း အတာက တိတ်ဆိတ်စွာ မတုန်မလှုပ် ရပ်နေခဲ့လေသည်။

"ကိုယ် တို့ လက်ထပ်ရအောင်...”

ဇဝန ဆီမှ အမှတ်မထင် ကြားလိုက်ရသည့် စကားကြောင့် အတာ ဇဝန ဖက်သို့ လှည့်ကြည့်လိုက် မိတော့၏။

"ဘယ် လို... ဆရာ ဘာပြောလိုက်တယ်”

"ကိုယ် မာမီ့ကို ဖွင့်ပြောပြီး မင်းကို လက်ထပ်မယ် ကောင်လေး”

အတာက သူ့လက်ထဲမှ ဆွဲ ခြင်းကြီးအား ကြမ်းပြင်ပေါ် ချလိုက်လေသည်။ သူမျက်ဝန်းထဲတွင် ရှုပ်ထွေးမှု့များစွာ ပေါ်လွင်နေပြီး မယုံကြည်နိုင်ခြင်းများလဲ ဖြစ်ပေါ်နေခဲ့သည်။

"ဆရာ... ဘာတွေပြောနေတာလဲ ဟင်.. ဆရာ ဘာပြောနေတယ် ဆိုတာ ဆရာ ကိုယ်တိုင်ရော သိရဲ့လား”

Crocodile Tears (Complete)Where stories live. Discover now