Crocodile Tears ( Part- 30)

584 53 2
                                    

Crocodile Tears ( Part -30)

ငါး လမြောက် ကြာမြင့်ခဲ့ပြီ။ အစောပိုင်းတစ်လ နှစ်လလောက်၌ မာမီ့ ကင်ဆာ ကျိတ်များက ထပ်၍ မတိုးပွားတော့သည့် အခြေအနေဖြစ်ခဲ့သော်လည်း လေးလမြောက်ရောက်သောအခါ အကျိတ်များက ပြန်၍ တိုးပွားလာခဲ့ပြန်သည်။

မာမီ့၏ ရောဂါ ကုသမှု အခြေအနေက ထိရောက်မှု မရှိပဲ ပိုဆိုးလာသည့် အခြေအနေဟု ဆိုရမလိုပင်။ ပူတင်းလာသည့် ဗိုက်နှင့် ခပ်တင်းတင်း ဝမ်းဗိုက်သားများက ဝမ်းတွင်းမှ အကျိတ်များ အဆမတန် ကြီးထွား လာနေကြောင်း ပြသနေကြသည်။

နောက်ဆုံး၌ ဆေးသွင်းကုသမှုကို ရပ်ဆိုင်းလိုက်ကာ သက်သာစေမည့် နည်းလမ်းများဖြင့်သာ ဆေးရုံတွင် ဆက်လက် ကုသ ဖြစ်တော့သည်။ စိတ်ပျက်အားလျော့ ခြင်း၏ အလွန်၌ ထုံသွားတတ်သော စိတ်အခြေအနေ များနှင့် မာမီ့ နောက်ဆုံး အချိန်များကို အတူ ဖြတ်သန်း ေပးနေခဲ့မိသည်။

လူတိုင်းဟာ... တစ်နေ့နေ့ တချိန်ချိန်တော့ ကောင်းကင်ဘုံမှာ အနားယူဖို့ ဘုရားသခင် အမိန့်ကို နာခံ ကြရမှာပဲ မဟုတ်လား။

၅ လကျော်ကြာ အချိန်ကို ဖြတ်သန်း လာပြီးနောက် ဝေဒ နာ ခံစားနေရသည့် မာမီ့ကို မကြည့်ရက်တော့။ ဆွဲခေါ်ထားဖို့ထက် သက်သောင့်သက်သာ ဖြစ်စေရန်သာ ဆန္ဒ ရှိတော့သည်။ ဒါက ရက်စက်ခြင်း မဟုတ်သည့် ချစ်ခြင်းကြောင့် လက်လွှတ်လိုက်ခြင်း မျိုးပင်။မာမီ တစ်ယောက် ငြိမ်းချမ်းတဲ့ နေရာကို အဆင်ပြေ ချောမွေ့စွာ ရောက်သွား နိုင်ဖို့ကိုသာ တောင်းဆု ပြုမိတော့သည်။

မာမီ့အတွက် ပူပန်ရသော စိတ်နှင့် အလုပ်ဖိအားများကြောင့် ဇဝနသည် ပို၍ အထီးကျန်ဆန်လာခဲ့သည်။ အစားအသောက်ပင် ပုံမှန်စားဖို့ မေ့လျော့ နေခဲ့သည်။ အိမ်တွင် ရှိနေသည့် ရက်များ၌ အတာက ဂရုစိုက်၍ ကျွေးမွေးတတ်သော်လည်း အလုပ်နှင့် ဆေးရုံကို ရောက်ချိန်တွင် ထမင်းစားချိန်ကိုတောင် မေ့နေသည်ကများသည်။

အတာက​တော့ စားချင် သောက်ချင်စိတ်ပါ ပျောက်ဆုံး နေသည့်  ဇဝန အတွက် အတတ်နိုင်ဆုံး ချက်ပြုတ် ပြင်ဆင်ပေးတတ်သည်။ စိမ့်ကလဲ သူ့အား အရင်ကလို စကား မပြောတော့ပဲ ဖာသိဖာသာ နေတတ်လာသည်။

Crocodile Tears (Complete)Where stories live. Discover now