Crocodile Tears ( Part -21)
ညနေ ၅ နာရီ ခွဲ ခန့်တွင် ဇဝနတို့ မောင်းနှင် လာသော ကားသည် ရန်ကုန်မြို့ထဲသို့ ရောက်ရှိ လာခဲ့ ပြီဖြစ်သည်။
"ဒီး...ဒီး...ဒီး.....”
ထိုအချိန်၌ ရုတ်တရက် ဖုန်း အဝင် Callတစ်ခု ဝင်လာသဖြင့် ဇဝနက ဖုန်းနားထောင်ရန် ပြင်လိုက်လေသည်။ ကောင်လေးက အလိုက်သိစွာပင် ဖုန်းကို ကိုင်လိုက်ပြီး ဇဝန၏ နားနားကပ်ပေးလိုက်လေ၏။
"ဆရာ ကားမောင်းနေလို့”
ဇဝန က ကောင်လေးကို ခေါင်း တစ်ချက် ငြိမ့်ပြလိုက်ပြီး ဖုန်းပြန်ဖြေလိုက် လေသည်။
"ဟယ်လို .....”
"............”
"ဟုတ်ပါတယ် ဇဝန ပါ”
". ....................”
"ဗျာ..... အခု ဘယ်မှာလဲ”
". .............”
"ကျွန်တော် အခုချက်ခြင်းလာခဲ့မယ်”
ဇဝနက ထိုသို့ ဆိုလိုက်ရင်း ကားကို အရှိန်မြင့်ကာ မောင်းလိုက်လေသည်။ ကား စီယာတိုင် ကို ကိုင်ထားသည့် သူ့လက်များက အနည်းငယ် တုန်ရီလျက် ရှိပြီး တစ်စုံတစ်ရာကို စိုးရိမ်လွန်နေပုံပင်။ နဖူးစပ်တွင် ချွေးစ အနည်းငယ် ထွက်နေပြီး မီးပွိုင့်မှ နီသွားသော မီးနီကိုပင် ဒေါသတကြီး ဆဲဆို လိုက်သည်ကို တွေ့လိုက်ရလေသည်။
"တောက်... အရေးထဲ ငါ-ိုး မီးပွိုင့်က တမှောင့်”
အတာသည် ဒေါသတကြီးနှင့် ခပ်ကြမ်းကြမ်း ဆဲဆိုလိုက်သည့် ဆရာ့ပုံစံတစ်မျိုးကို မမြင်ဖူးသလို ငဲ့စောင်းကြည့်နေမိသည်။ ဆရာထံတွင် တည်တင်း မာကျောသည့် မျက်နှာထား ရှိနေတတ်သော်လည်း မည်သည့်အခါတွင်မှ ထိတ်လန့် ပြာယာခတ်တတ်သည့် ပုံစံမျိုး သူ့ထံတွင် ရှိမနေခဲ့။ နှုတ်ခမ်းတင်းတင်းစေ့ကာ အလုပ်မှန်သမျှ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်သည့် ပုံမျိုးကိုသာ အတာ တွေ့မြင်ဖူးခဲ့သည်လေ။
ထိုဒေါသမျိုး၊ ထိုအလောတကြီး ပုံမျိုးနှင့် ဆရာ ကားမောင်းနေသည့် အရှိန်နှင့် ဆိုလျှင် ကောင်းသည့် ရလဒ် ရနိုင်ဖွယ်ရာ မရှိကြောင်း အတာ နားလည်မိသည်။ ဆရာ ဘာကြောင့် ထိုသို့ ဖြစ်သွားရသနည်း။ မည်သည့်အကြောင်းအရာက ဆရာ့၏ ပူပင်မှုကို ထိပ်ဆုံးသို့ ရောက်စေခဲ့သနည်း။ ကားမောင်းနေစဥ်အတွင်း တတ်နိုင်သမျှ စိတ်လျော့ထားမှသာ အဆင်ပြေ ချောမွေ့သော လမ်းခရီး ဖြစ်မည်ကို တွေးမိလေသော်ကြောင့် အတာသည် ဆရာ့ပြသနာကို မေးမြန်းကာ တတ်နိုင်သမျှ စိတ်ပြေစေရန် ကြိုးစားလိုက်လေတော့သည်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...