Crocodile Tears ( Final Part)

2.4K 82 52
                                    

Crocodile Tears ( Final Part)

ဇဝနက သူ့ရှေ့တွင် သူကိုယ်တိုင် ဓားနှင့်ထိုးသတ်ခဲ့မှုကြောင့် သေဆုံးသွားသော လူနှစ်ဦး၏ ရုပ်အလောင်းများအား ဖျောက်ဖျက်ပစ်ရန် ခေါင်းအေးအေးနှင့်ပင် စတင် လှုပ်ရှားလိုက်သည်။ ပထမဦးစွာ စိမ့်၏ ဖုန်းကို ယူ၍ မိမိဖုန်းဆီသို့ ခေါ်လိုက်သည်။ မိမိဘက်မှလဲ စိမ့်ဖုန်းကို ကိုင်လိုက်ကာ ဖုန်းနှစ်လုံးစလုံးကို စားပွဲပေါ် ဒီအတိုင်း တင်ထားလိုက်ပြီး ဗီရိုထဲမှ စိမ့်၏ အဝတ်အစားများကို ထုတ်ယူလိုက်၏။

သူ့တွင် အကြံအစည်ရှိ နေခဲ့ပြီးဖြစ်သည်။ သူ့အေးစက်မှုနှင့် တည်ငြိမ်မှုက အရာရာကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းပေးနိုင်လိမ့်မည်။ အေးစက်မှု၏ နောက်ကွယ်၌ ကပ်လျက်ပါလာခဲ့သော သူ၏ ဟန်ဆောင်မှုနှင့် သရုပ်ဆောင် ပီပြင်မှုကိုလည်း လူအများသိအောင် ပြရမည်။

ထို့နောက် စားပွဲနှင့် ကြမ်းပြင်ပေါ် ကျနေသည့်  သွေးစက်များကို ထိုအဝတ်များနှင့် လိုက်၍ သုတ်ပြစ် လိုက်လေသည်။ အားလုံး သုတ်ပြီးသောအခါ စားပွဲပေါ်မှ ဖုန်းကို ပိတ်လိုက်ကာ ကဒ်ပါ ဆွဲထုတ်ထားလိုက်တော့သည်။

"အလောင်းတွေ ဖျောက်ရမယ်”

ဇဝနသည် အရင်ဦးစွာ စိမ့်၏ အသက်ဝိဥာဥ် ကင်းမဲ့နေသော ခန္ဓာကိုယ်အား ခြံထောင့်ရှိ အုတ်ဖုတ်ရန်အသုံးပြုသည့် အုတ်ဖိုကျင်းဆီ သယ်ဆောင်သွားခဲ့လိုက်သည်။ ထို့နောက် သူမ၏ အသုံးအဆောင်ပစ္စည်းနှင့် အဝတ်အစားများကိုပါယူ၍ အုတ်ဖုတ်မီးဖိုထဲ ပြစ်ထည့်လိုက်ပြန်သည်။

ထို့နောက် ကားဂိုထောင်ဘက် လျှောက်လာခဲ့ကာ ဂိုထောင်ထောင့်ရှိ ဆီတိုင်ဂီထဲမှ ဒီဇယ်အချို့ကို ထုတ်ယူကာ ပုံးနှင့် သယ်ခဲ့လိုက်တော့သည်။ ခြံနောက်ဖက်ရှိ အုတ်ဖုတ်မီးဖိုဆီ ထွက်ခဲ့လိုက်၏။

အဝတ်အစားများနှင့် ထင်းစများကြားတွင် ရှိနေသည့် စိမ့်၏ အလောင်းပေါ်သို့ ဒီဇယ်များ ဖြန်းလိုက်ပြီးနောက် အိပ်ကပ်ထဲ ထည့်ယူလာသည့် စိမ့်၏ ဖုန်းနှင့် Sim cardကို မီးဖိုထဲ ပြစ်ထည့်လိုက်ပြန်သည်။ ထို့နောက် ဆေးလိပ်သောက်တိုင်း သူအသုံးပြုနေကျဖြစ်သော မီးခြစ်လေးအား ဖောက်ခနဲ ဖွင့်၍ မီးဖိုထဲသို့ ပြစ်ထည့်လိုက်လေတော့၏။

Crocodile Tears (Complete)Where stories live. Discover now